Psycho Darling "F"

2.8K 193 8
                                    

"yarrr JeonJungkook...အရူး"
လှေကားပေါ်ကနေ ပြေးဆင်းလာတဲ့ Taehyung

Jungkook လက်ထဲက မီးခြစ်ကို ဆွဲလုလိုက်ပြီး
"မင်း ဘာအရူးလုပ်တွေ လျှောက်လုပ်နေတာလဲ"

"အဲ့ဒါ ခင်ဗျားကိုမေးရမှာ။ ကျုပ်မင်္ဂလာပွဲကိစ္စ စီစဉ်နေတုန်း ဘယ်မှ မသွားရဘူးပြောထားတာကို။ အဲ့မိန်းမနဲ့ နေဖို့ အိမ်တောင်ကြည့်နေပြီပေါ့လေ...ပြော...ခင်ဗျားရည်းစား ဟောင်းနဲ့ ကျုပ်မသိအောင်ထွက်ပြေးဖို့ကြိုးစားနေတာမလား"

မျက်လုံးပြူးမျက်ဆံပြူးနဲ့ လက်ညှိုးထိုးပြီး ဒေါသထွက်နေတဲ့ Jungkook ပုံစံက အသိစိတ်ကင်းလွတ်နေသူလို

"ဖြေလေ Kim Taehyung"
ပုခုံးနှစ်ဖက်ကိုအတင်း လှုပ်ရမ်းပြီး မေးနေသူကြောင့်

"အေး...ဒီအိမ်ကို မင်းနဲ့အတူတူနေဖို့အတွက်
ဝယ်မလို့ လာကြည့်တာ။ မင်းအဖေကိုယ်တိုင်
ကြိုက်တဲ့အိမ်ဝယ်ဆိုပြီး လက်ဖွဲ့ငွေပေးလို့ အိမ်လာရှာတာ ရှင်းပြီလား"။
ထိုအခါမှ Jungkook ရဲ့ ဒေါသတဟုန်းဟုန်းတောက်နေတဲ့ မျက်လုံးတွေ အရောင်မှိန်သွားပြီး

"ကျုပ်လည်းမသိရပါလား? Daddyက ဝယ်ပေးတာ ဟုတ်လား။ဒါဆို ခင်ဗျားက ဘာလို့ဒီမိန်းမနဲ့လာတာလဲ "

"သူက အိမ်ခြံမြေအကျိုးဆောင်လုပ်တာလေ။ငါက ဈေးအသင့်အတင့်ခြံဝန်းလောက် ပဲနေဖို့စုံစမ်းတော့ အကျိုး‌‌ဆောင်ကုမ္ပဏီသွားတာ သူကအဲ့မှာအလုပ်လုပ်နေတာနဲ့ သူငယ်ချင်းအရင်းကြီးဆိုတော့ပိုအဆင်ပြေသွားတာပေါ့။ "

"ကျုပ်သိရသလောက်တော့ ခင်ဗျားရည်းစားဟောင်းပါ"
Jungkook က ခနဲ့သဲ့သဲ့အပြုံးနှင့် လူကို မယုံကြည်သလိုလို ပြောလာသည်။

Jungkook ရဲ့ အရည်လဲ့နေတဲ့ မျက်လုံး
ဝိုင်းလေးတွေကို တည့်တည့်ကြည့်ပြီး

"မင်းငါ့ကို နောက်ကနေ လူလွှတ်ပြီးစောင့်ကြည့်ခိုင်းနေတာ တော်သင့်ပြီJungkook။
မင်းငါ့ကိုချစ်ရင် ယုံကြည်ပေးဖို့ကြိုးစားသင့်တယ်။ မင်းသိထားဖို့က
အတိတ်ကအရေးမကြီးဘူး ပစ္စုပ္ပန်ကအဓိကပဲ Jungkook... သူကရည်းစားဟောင်းဆို မင်းက နောက်ဆုံးချစ်သူပဲ "
ထိုသို့ပြောလိုက်မှ ကိုယ်တော်လေးက ပြုံးရိပ်သမ်းလာခဲ့သည်။

Ester's KookV short stories Where stories live. Discover now