Daddy's Kitty 😾😾😾+11

1.1K 118 15
                                    

"စဉ်းစားပါဦး မြေးရယ် "

တံခါးဝမှာရပ်နေတဲ့ ကောင်လေး
သူဒီအိမ်တော်က ထွက်သွားတော့မှာမို့လာနှုတ်ဆက်တာတဲ့လေ
ကိုယ့်မြေးလေးလိုပဲ ရည်ရည်မွန်မွန်လေးမို့ အဖွားမှာစိတ်ထဲမကောင်း
ဘာတွေများဖြစ်လာခဲ့လို့ ဒီ‌ ကလေး မျက်နှာ နီရဲတွတ်ပြီး မျက်ရည်တွေ ရစ်ဝဲနေလည်းမသိပါဘူး...

"အဖွားနဲ့အတူတူ အမှန်တရားကို ဖော်ထုတ်ကြ
မယ်လေကွယ်"

ဖွားဖွားက လက်ကို လာဆုပ်ကိုင်တော့ ရင်ထဲမှာ နွေးတေးတေးလေးဖြစ်သွားရသည်။  အမှန်တရားပျောက်နေတဲ့ လောကကြီးထဲ သူ့စကားတွေကို ယုံကြည်လက်ခံသူ အဖွားတော့ရှိပါသေးတယ်လေ ။
ဒါပေမဲ့လည်း

"ဂျောင်ကု ကို ကျွန်တော် အရမ်းချစ်တယ် ဖွားဖွား။ ဒါကြောင့် မမုန်းချင်ဘူး။
ကျွန်တော့်အချစ်တွေမလွန်ခင် ဒီအခြေအနေမှာပဲ ရပ်လိုက်ချင်ပြီ ။
အချစ်တွေလွန်ရင် သူ့ကို
မုန်းတဲ့အဆင့်ရောက်သွားလိမ့်မယ် ဖွားဖွား "

"မြေးရယ်...အဖွားနားလည်တယ် ...
အဖွားဘယ်လို ကြားဝင်ပေးရမလဲ
မသိတော့ဘူး "

အဖွားရဲ့ ပုခုံးထက် မှီပြီး ပြိုလဲချလိုက်သည်။ အဖွားရဲ့ ခါးကို တင်းတင်းဖက်တွယ်ထားပြီး
မျက်ရည်တွေ  တာကျိုးသလို ဒလဟော
စီးဆင်းစေလိုက်သည်။

"အဟင့်...ဟင့်...
သူ့ကို မုန်းမိမှာ အရမ်းကြောက်တယ် ...မမုန်းပါရစေနဲ့ ။ သူအဲ့လို ဆက်ဆံတာကို ကျွန်တော်
ခံနိုင်ရည်မရှိဘူး ဖွားဖွား"

တားမရတဲ့အဆုံး ထယ်ဟျောင်းရဲ့ကားလေး
အိမ်တော်ကထွက်ခွာသွားတာကိုဒီအတိုင်း ကြည့်ပြီးကျန်ရစ်ခဲ့ရသည်။ အစောင့် နှစ်ယောက်လောက် ထည့်ပေးလိုက်တယ် ဒါတောင်
ကောင်လေးကတစ်ယောက်တည်း ပြန်ချင်တယ်လုပ်လို့ မနဲချော့မော့ပြီး အဖော်ထည့်ပေးလိုက်ရ‌တယ်

:
:
ရောင်စုံပန်းတွေ‌နဲ့ ဝေနေတဲ့ Kimအိမ်တော်...
"သခင်လေး ..."
ကားဟွန်းသံ ကြားလို့ ထင်၏။
အစေခံ မိန်းကလေး ပြေးလာပြီး
တံခါးလာဖွင့်ပေးသည်။
ထယ်ဟျောင်းကားထဲကမထွက်ခင် ခပ်ပါးပါးရှပ်အင်္ကျီ အနွေးထည် လေးကိုချွတ်လိုက်ရင်း

Ester's KookV short stories Where stories live. Discover now