Daddy's Kitty 😾😾😾😾😾

1.9K 169 18
                                    


ကြိုးမဲ့စွန်လေးဟာ လေနှင်ရာရွက်လွင့်နေသလိုပါပဲ
ပိုင်ရှင်မဲ့နေတဲ့ ကြောင်လေးတစ်ကောင်ဟာလည်း ဦးတည်ရာမဲ့နေတဲ့ရင်ခုန်သံခရီးစဥ်ကိုလျှောက်လှမ်းနေခဲ့တယ်

စွန်လွှတ်တဲ့လူက လေ‌ရဲ့လမ်းကြောင်းကို သိရတယ်တဲ့...
မောင်ကတော့ မောင့် ယူနီဗာ့စ်လေးရဲ့ နှလုံးသားမြစ်ဖျားခံရာကို
ဘယ်တော့များမှ သိခွင့်ရပါ့မလဲ

မင်းအပေါ်
မောင်အသုံးမဝင်တဲ့မျှော်လင့်ချက်တွေထားမိနေပြန်ပြီလေ
မောင်ကလမ်းပျောက်နေတဲ့
ကြောင်တစ်ကောင်သက်သက်ပဲမဟုတ်လား...

တံခါးရဲ့ ထောင့်စွန်းနေရာကနေထိုင်ကြည့်နေရုံမှအပ ချစ်ရသူနဲ့ တခြားမိန်းကလေး ကလူကျီစယ်နေတာကို တားဆီးခွင့်မရတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရတော့မလား ကျိန်စာမိနေတဲ့ ကံကြမ္မာကိုပဲ အပြစ်ပုံချရတော့မလား
ကြောင်လေးဟာ တံခါးနားကနေထွက်သွားမည်အလုပ် သခင်နဲ့ထိုမိန်းကလေးရဲ့အခြေအနေကရပ်တန့်သွားခဲ့သည်။
:
:

"အာ...ဘေဘီ ခဏ...ခဏလေး"

မိန်းကလေးဟာ ထယ်ဟျောင်းရဲ့လည်တိုင်နားကမျက်နှာမခွာဘဲ တရှုံ့ရှုံ့နမ်းနေသည်။
ထိုချိန် ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းက silent လုပ်ထားလို့ တဂျီဂျီမြည်နေ၏။ ထယ်ဟျောင်းလည်း အဆက်မပြတ်မြည်နေတဲ့ ဖုန်းကြောင့်
ထိုမိန်းကလေးကို ခဏရပ်ခိုင်းပြီး

"ဖုန်းသွားပြောလိုက်ဦးမယ် စောင့်နေနော် "

"ဟင့်... Oppaကလည်း ဘေဘီတစ်ယောက်ထဲနေခဲ့ရမှာလား"
‌ဒီမိန်းကလေးက တကယ့်ငရစ် ထယ်ဟျောင်းလည်း ခွာမရပြုမရနဲ့အတော်စိတ်ညစ်လာသည်။

"ခြံအပြင်ထွက်ပြောရုံပါကွာ ...နော်ဘေဘီကလည်း"

"အင်း...အင်း "
ထယ်ဟျောင်းအိမ်အပြင်ထွက်သွားတာနဲ့ မှောင်မည်းနေတဲ့ အိမ်ထဲ ဆိုဖာခုံ‌နားတစ်ဝိုက် လှည့်လည်ကြည့်ရင်း မှန်တင်ခုံပေါ်က ပုံလေးတစ်ပုံဆီ အာရုံရောက်သွားသည်။
ကြောင်ဖြူလေးတစ်ကောင်ကို ပွေ့ချီထားတဲ့ Oppaရဲ့ပုံ...Oppaကအဲ့လိုပြုံးဖူးတယ်လား ?
:
:

"ပါးပါး အာ့ချို တားတားစွန်လေး က အထုကြိုးပြတ်တွားပြီ ... တားတားပြန်မရတော့ဘူးပေါ့
အီးဟီး...အီးဟီး "

Ester's KookV short stories Where stories live. Discover now