Unicode~
'တစ်ခါတလေ အချစ်က ကိုယ့်တစ်ယောက်တည်းအတွက် သီးသန့်တိုက်ခတ်နေတဲ့ လေပြည်လေညင်းလေး..။
တစ်ခါတလေကျ ကိုယ့်တစ်ယောက်တည်းအတွက် တလက်လက်တောက်ပနေတဲ့ ကြယ်တာရာ..။
ကိုယ့်အတွက် အချစ်က သကြားလုံးလေးတစ်လုံး၊ ကော်ဖီလေးတစ်ခွက်..။
မိုးသောက်အရုဏ်ကနေ ဆည်းဆာနေဝင်ချိန်၊ သန်းခေါင်ယံ ညနက်တွေအထိ ကိုယ့်ရဲ့ အရာရာက အချစ်ဖြစ်ခဲ့တာ..။
စက်ဘီးရဲ့ carrierပေါ်မှာ အချစ်ကိုတင်ပြီး ဟိုးမိုးကုတ်စက်ဝိုင်းအလွန်ထိ အချစ်နဲ့ခရီးထွက်ကြမယ်ဆိုတဲ့ ကိုယ့်စိတ်ကူးတွေရယ်..။
ကိုယ့်ခါးကို ဖက်ထားတတ်တဲ့ အချစ်ရဲ့ လက်သွယ်သွယ်တွေ၊ ကိုယ့်ကို စူးနစ်စွာကြည့်နေတတ်တဲ့ ရီဝေဝေမျက်ဝန်းတွေ..။
ခေါင်းအစ ခြေအဆုံး အချစ်ရဲ့အသေးစိတ် အရာရာတိုင်းက ကိုယ့်နှလုံးသားမှာ သံမှိုစွဲကပ်နေတာ။ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုစီတိုင်းကို အချစ်က ပိုင်နေခဲ့တာ။
ကိုယ်ဟာ အချစ်ရဲ့လူပါ..။အဲ့သည်လောက်ထိ အချစ်ဟာ ကိုယ့်ကို လွှမ်းမိုးထားသူပါ၊ ကိုယ့်စိတ်ဝိဉာဥ်ကို လှလှပပ အကျဥ်းချနိုင်သူပါ။
ကိုယ့်နှလုံးသားတွေ ဗြောင်းဆန်ကုန်ရပါတယ် အချစ်ရယ်..။
အဲ့ဒီအချိန်မှာပေါ့..
ကိုယ့်အတွက်အရာရာ ဖြစ်နေပေမယ့် တခြားသူတွေအတွက်တော့ အချစ်ဟာ...'
"ဒါ ခင်ဗျားကိုယ်တိုင် ရေးခဲ့တာပေါ့"
"ဟုတ်ပါတယ်.."
"အခုရော သူရှိသေးလား"
"အင်း... သူက ကိုယ့်အတွက် အရာရာဖြစ်နေဆဲပါပဲ"
____Disclaimer ;
ချယ်အရမ်းရေးချင်ခဲ့တဲ့ plotလေးပါ။
ကြိုးစားပြီး ဖန်တီးသွားပါ့မယ်။ချယ့်အတွက် တော်တော်လေး Heavyဖြစ်ပြီး ခက်ခက်ခဲခဲရေးရတာမို့ ရေးတဲ့လူအားရှိသွားအောင် Ongoing လိုက်စေချင်ပါတယ်။
လုံးဝနောင်တမရစေရပါဘူး။ အတူတူလိုက်ခဲ့ပေးကြပါနော် ♥️
Zawgyi~
အဲ့ဒီအချိန်မှာပေါ့..
"ဟုတ်ပါတယ်.."
"အခုရော သူရှိသေးလား"
____Disclaimer ;
YOU ARE READING
𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨
FanfictionJust the only string tying me to invisible you.. Please don't ever give up on me.. JJK x KTH Kookv