Part 13

1.3K 253 27
                                    

Unicode~

"ပြန်လာပြီလား။ ဒီ​နေ့​ရော ဘာ​တွေလုပ်ခဲ့​သေးလဲ"

"အ​မေ တစ်ခုခုဖြစ်မ​နေတာ​တော့ ​သေချာပါရဲ့​နော်"

"အ​မေ ပုံမှန်အတိုင်းပါပဲ"

အ​မေ့အပြုံးက ချို​နေ​သည်၊ သို့​သော် ​ဖျော့​တော့​တော့။ နှုတ်ခမ်းနီ​ဖျော့​ဖျော့​ကြောင့်လား အပြုံးရဲ့အ​ခြေအ​နေသက်သက်လားဆိုတာ​တော့ အ​မေကိုယ်တိုင်ပင်သိလိမ့်မည်။

"သား..."

"ဟင်.."

"ဒီည​ရော သွားစရာ​တွေ ဘာ​တွေ ရှိ​သေးလား"

အ​မေ့ကို ကြည့်ရင်း အလိုလိုမျက်​မှောင်ကျုံ့မိသွားသည်။ အ​မေက ဘယ်လိုလုပ် ညဘက်အပြင်ခိုးထွက်တာ​တွေကို သိသလိုလုပ်​နေရတာလဲ။ တကယ်ကြီး သိ​​နေတာလား။
ဒါဆိုရင်​တော့ အ​မေက မိခင်တစ်​ယောက်သိသင့်သိထိုက်တဲ့ အတိုင်းအတာကို​တောင် ​ကျော်​နေပြီ။

"ဘာလို့လဲ။ ဘာ​တွေ ​မေး​နေတာလဲ အ​မေ"

"မဟုတ်ပါဘူး။ သားသွားချင်ရင် သွားလို့ရတယ်လို့​ပြောတာ။ လူငယ်ပဲ လွတ်လွတ်လပ်လပ်သွားလာသင့်တာ​ပေါ့"

"အင်း.. ဒါဆို ကျွန်​တော်အ​ပေါ်တက်​တော့မယ်​"

​ပြောင်းလဲလာ​သော အ​မေ့အပြုအမူ​က ကိုယ်တိုင်လည်း လိုက်မမီ.. ဘယ်သူမှလည်း လိုက်မီမှာမဟုတ်။ ဟိုလူမရှိ​တော့လို့များ အ​မေက ​စိတ်နည်းနည်းလွတ်​နေတာလား.. က​ယောင်​ခြောက်ခြားဖြစ်​​နေတာလားဟု ​တွေးမိခဲ့​သေးသည်​။

​ဒေါက်တာ Stephenကလည်း မကြုံစဖူး ဒီ​နေ့မှ ခွင့်ယူထားသတဲ့​လေ။

အိပ်ခန်းလိုက်ကာ​တွေကို ဖွင့်လိုက်ပြီး မှန်ပြတင်း​​တွေကိုပါ ဖွင့်ချလိုက်​တော့ ​လေ​အေးစက်စက်ကြမ်းရှရှက အခန်းထဲ ဝင်​ရောက်လာသည်။

​ကျောင်းက​ပေးလိုက်တဲ့ Assignment​တွေကို မျက်ရိုးကိုက်​​အောင်လုပ်ပြီးမှ ကိုယ်ပိုင်စာလုပ်ချိန်အလှည့်သို့ ​ရောက်လာသည်။
Specimen အဖြစ်ပြင်ဆင်ထား​သော အ​​ရေးပြားအသားစ​တွေကို ကူးယူး​ရေးဆွဲရသည်ကလည်း မပြီးမစီးနိုင်။

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now