Part 14

1.2K 240 13
                                    

Unicode~

ကိုယ်အချစ်နဲ့ ပထမဆုံး က​တောက်ကဆဖြစ်ခဲ့သည်။ ကိုယ်အချစ်မျက်လုံးကို​တောင် ​စေ့​စေ့မကြည့်ရဲခဲ့ပါ.. စိတ်တင်းထားချင်လွန်းလို့ပါ၊ ကိုယ်က မင်းနဲ့ပတ်သက်ရင် စိတ်က သိပ်​ပျော့တာကိုး။

တစ်​ယောက်တည်း ပြန်လာခဲ့တဲ့ ည​နေခင်း... ဘတ်စ်ကား​​စီးရင်း ဘေးကခုံလွတ်မှာ ဘယ်သူမှ ပါမလာပါ။
လစ်လပ်​နေ​သော​နေရာကိုကြည့်ရင်း သက်ပြင်းတချချ။ သူမရှိတာနဲ့ ရှိတာက ကိုယ့်ဘဝအတွက် အကြီးမားဆုံး ခြားနားချက်ကြီးတစ်ခု။

ဘတ်စ်ကားမှန်က လှမ်းကြည့်လျှင် မှတ်တိုင်မှာကျန်ခဲ့တဲ့ ချစ်သူ့ပုံရိပ်​သေး​သေး​လေးကို ​တွေ့ရသည်။
ချက်ချင်း ဘတ်စ်ကားကို ရပ်ပစ်ခိုင်းချင်သည်... ကိုယ် မင်းကို ​​ထွေး​​ပွေ့နမ်းရှိုက်ချင်ခဲ့တာ..။
____

အ​ဝေးသို့ တ​ရွေ့​ရွေ့ထွက်ခွာသွားတဲ့ 'Rolandသို့'ဟူ​သော စာတန်းပါ ဘတ်စ်ကားတစ်စီး။
မှတ်တိုင်မှာ မလှုပ်မရှားကျန်ခဲ့ရပါ​သော ကျွန်​တော်။

​မောင် ကျွန်​တော့်ကို လှမ်းကြည့်လိမ့်မည်၊ ​အဲ့ဒီအချိန်ထိ ကျွန်​တော်ရပ်​နေရဦးမည်။

ကျွန်​တော်က ​​မောင့်စိတ်ကူးထဲမှာ ​နေထိုင်သူပါ။
​မောင့်ရဲ့ မသိစိတ်က ထိန်းချုပ်ထားတဲ့ ကျွန်​တော့်ရဲ့ လှုပ်ရှားမှုကအစ အသက်ရှူနှုန်း​​လေးကအဆုံး.. အစစအရာရာဟာ ​မောင့်အပိုင်ပါ။

တစ်ချိန်ချိန်မှာ ​မောင့်ကို လှမ်းကြည့်ရတဲ့ဘဝ​လေးမှာ ကျွန်​တော်အသားကျဖို့လိုသည်။
ဘယ်​လောက်ပဲ နာကျင်ရပါ​စေ​ပေါ့။

ကျွန်​တော့်တစ်ကိုယ်လုံးက အတုအ​ယောင်ပါရယ်၊ ဘယ်သူမှ မမြင်ရတဲ့ ကျွန်​တော်​ပေါ့။
​ခေါင်းအစ ​ခြေအဆုံး၊ ကိုယ်တွင်းကလီစာ​တွေနဲ့ ဘယ်ဘက်ရင်အုံထဲက နှလုံးသားနီ​​စွေး​​စွေး.. အစစအရာရာက အတု​ဆိုတာ​တွေ​..။
ဒါ​ပေမဲ့ နာကျင်တတ်တယ် ​မောင်၊ နှလုံးသားအတုကလည်း နာကျင်များနာကျင်​တော့ ​သွေးစိမ်ရှင်ရှင်ထွက်​ရောပါပဲ။

Rolandသွားတဲ့ ဘတ်စ်ကားကြီး ကျွန်​တော့်မြင်ကွင်းက​နေ ​ပျောက်သွားပြီး​နောက် ကျွန်​တော့်ခန္ဓါကိုယ်​အောက်ပိုင်းတစ်ခုလုံးက ​လေးလံလာသည်။
​ခြေဖဝါး​တွေက ​​အေးစက်ကိုက်ခဲလာသည်။

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now