Part 6

1.7K 304 33
                                    

Unicode~

"ဘယ်လိုလုပ်မင်းအပြစ်ဖြစ်ရမှာလဲ။ ကိုယ်ကိုယ်တိုင်က ဆန္ဒရှိလို့ ​နေခဲ့တာ​လေ"

သူ စိတ်အားငယ်သွားမှာကို ကိုယ်​သေ​မတတ်ကို ​ကြောက်​နေတာ​။
ဘယ်သူမှမ​စေခိုင်းပါပဲ အလိုလိုပြုမူ​မိ​နေသမျှ​တွေက​နေ ကိုယ့်မသိစိတ်ကို တ​ဖြေး​ဖြေးလှစ်ဟာပြ​နေခဲ့သည်။

"ကျွန်​တော့်ကို စိတ်ခုပြီး မ​တွေ့ချင်​တော့မှာစိုး​နေတာ။ ​မောင်းထုတ်ပစ်မှာ ​ကြောက်​နေတာ"

"ကိုယ်​အဲ့လို​မောင်းထုတ်လည်း မင်းက ကိုယ်စိတ်မ​ပြေမချင်း အတင်းလိုက်​ချော့​နေလို့ရသားပဲ"

"မရဘူး​လေ"

သူက ကိုယ့်ရင်ခွင်ထဲ ​ခေါင်း​လေး အတင်းတိုး​ဝှေ့လာသည်​။ ​ကြောင်​​ပေါက်စ​လေး​တွေ သခင့်ရင်ခွင်ထဲ အတင်းတိုးဝင်သလိုမျိုး။
သူ့​ခေါင်းလုံးလုံး​လေး၊ ဆံပင်ညိုပွပွ​လေးကို အလိုလို​နေရင်း တဖွဖွပွတ်သပ်​​ပေးမိသည်။

ကိုယ်​​လေ.. သူ​ပြောတဲ့ စကား​တွေကို အလုံးစုံလိုက်မမီနိုင်ပါဘူးရယ်။
ဒါ​ပေမယ့် သူအနားမှာရှိ​နေဖို့ရာက သူ့စကား​တွေကို လိုက်မီ​နေဖို့ မလိုအပ်ပါ။

"ဘာလို့ မရရတာလဲ"

"JungKook မ​တွေ့ချင်ရင် ကျွန်​တော်က လာမ​တွေ့နိုင်​တော့ဘူး"

"ကိုယ် မင်းကို မ​တွေ့ချင်ဘူးရယ်လို့ ရှိလာမှာ မဟုတ်ပါဘူး"

အဖြစ်က ဆယ်​ကျော်သက်အရွယ် ရည်းစားခိုးထားရသည်နှင့် တူ​မ​နေဘူးလား။
​ကျောင်းပန်းခြံ​​သေး​​သေး​လေးထဲမှာ ထိုင်​နေကြသည်။ တစ်​ယောက်ရင်ခွင်ထဲ ကျန်တစ်​ယောက်က လုံးလုံးလျားလျားမှီတွယ်​နေပြီး စကား​တွေ တတွတ်တွတ်​ပြော​နေကြသည်။

"JungKook ဘယ်ချိန်ပြန်ရမှာလဲ။ ဘယ်ချိန်လာကြိုမှာလဲ"

ကိုယ်စာလုပ်​​နေသည်ကို တိတ်ဆိတ်စွာ ထိုင်ကြည့်​နေသူဆီက အခုမှ အသံထွက်လာသည်။
အ​မေကသာ အ​ပေါင်းအသင်း​ကြောင့် ပညာ​ရေးထိမယ်ထင်ပြီး စိုးရိမ်လွန်​နေတာပါ။
ကိုယ့်အ​ပေါင်းအသင်း​လေး Kim Taehyungက ဘယ်​လောက်​တောင် ​ဆိတ်ငြိမ်လိုက်သလဲ။

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now