Part 19

1.3K 234 16
                                    

Unicode~

"Jungkook! JungKook! သတိထားဦး​​လေ"

"​ဟေ့​ကောင်... စိတ်နဲ့လူနဲ့ ကပ်ဦး!"

Laylaနဲ့ Andreရဲ့ ​ရှေ့ဆုံးက သတိ​​ပေးသံ​တွေ။

"သူက ဘာဖြစ်​နေတာလဲ"

"John Hopkinsက ​ကျောင်းသားတစ်​ယောက်လုံး ဒီလိုဖြစ်​​နေတာ​တောင် မသိဘူးလား"

"စိတ်ကျန်းမာ​ရေးမစစ်​ဆေးဘူးလား တကယ်ပါပဲ"

တစ်​ယောက်တစ်​ပေါက်​ပြော​နေကြသံ​တွေ။
​စော​စောက အံ့ဩတကြီး တိတ်ဆိတ်​နေတဲ့အသံ​တွေက ​ဝေဖန်သံ​တွေအဖြစ် အသွင်​ပြောင်းလာသည်။

​ဟောခန်းမကြီးတစ်ခုလုံး စကားသံ​တွေလုံး​ထွေးကုန်​တော့သည်။
ဌာနမှူး​ရော၊ ​ကျောင်းအုပ်ဆရာကြီး​ရော မျက်စိပျက်၊ မျက်နှာပျက်။ ဒီကိစ္စကြီးက John Hopkins သိက္ခါတစ်ခုလုံးနဲ့ သက်ဆိုင်သွား​တော့သည်။

သတင်း​ထောက်​တွေရဲ့ ကင်မရာရိုက်ချက်​တွေက စိပ်လာပြီး တချို့က ဗီဒီယိုရိုက်ယူကာ Online​ပေါ်မှာပင် ဖြန့်​နေကြသည်။

"ခင်ဗျားတို့က ဘယ်သူ့ခွင့်ပြုချက်နဲ့ ရိုက်​နေကြတာလဲ ဟမ်..! ​နေမ​ကောင်းတဲ့လူကို နည်းနည်းမှ ​ဖေးမကူညီချင်စိတ် မရှိကြတဲ့လူ​တွေပဲ!"

Andre စိတ်ဆိုးမာန်ဆိုးနဲ့ ​ပြောပြီး စတိတ်စင်​ပေါ်တက်သွားကာ JungKook ကိုင်ထားတဲ့ Micကို ဖြုတ်ချလိုက်သည်။
စက်ရုပ်ကြီးတစ်ရုပ် ဓါတ်ခဲကုန်​နေသလို ​တောင့်​တောင့်ကြီးရပ်​နေ​သော JungKookကို စင်​အောက်​ရောက်​အောင် မနည်းဆွဲ​ခေါ်ရသည်။

"အချစ်! အချစ်... ကိုယ်ပြန်လာမယ်​နော်.. ​စောင့်​နေ​နော်"

ဘယ်သူမှ မမြင်ရတဲ့ ကျွန်​တော်ဆိုသည့်လူက ဘယ်သူမှ မကြားရ​အောင် ငို​နေရပြန်သည်။

​​မောင်ပြန်လာမယ်လို့ ဆက်ဆက်​ပြောသွား​ပေမဲ့ ပြန်လာဖို့ သိပ်ခက်သွားပြီ။
ဒီလိုဖြစ်​အောင် ကျွန်​တော်ကိုယ်တိုင်လုပ်ခဲ့မိတာ။ ​မောင့်ကို လူပုံအလယ်အရှက်​စေတာ ကျွန်​တော်ပါပဲ။
ကျွန်​တော်သာ ​ရှေ့မထွက်လာခဲ့ရင်​ရော...

"ငါကိုက မ​ကောင်းတာ။ ​မောင့်ဘာသာ စာ​​မေ့သွားလို့ဆိုရင်​တောင် ​ဒီ​လောက်ထိ ပွဲဆူချင်မှဆူမှာ"

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now