Part 3

2.2K 343 38
                                    

Unicode~

"And we can build this dream together
Standing strong forever.."

၂၄နာရီ​ရောင်း​သော street food ဆိုင်​လေးက သီချင်း​ဟောင်း​လေးတစ်ပုဒ်ကိုကြားရသည်။
ထိုသီချင်းကို သူက လိုက်ဆို​နေသည်။
ဩရှရှ​အသံ​လေးက ဒီသီချင်းနဲ့ သိပ်လိုက်ဖက်တာပဲ။

"ဒီသီချင်းကို သိလို့လား"

"မသိပါဘူး ဘာလို့လဲ"

"မင်းက အားရပါးရလိုက်ဆို​နေတာကိုး.."

"ဟုတ်ပါရဲ့ ကျွန်​တော် ဘယ်လိုသိ​နေတာပါလိမ့်"

၁၉၈၇​ခုနှစ်လောက်က ထွက်ခဲ့​သော သီချင်း​ဟောင်း​​လေးကို အားရပါးရလိုက်ဆို​နေပြီး သူမသိပါဘူးတဲ့​လေ။
သူက အမြဲထူးဆန်း​နေတာပင်။

ည၇နာရီခွဲအချိန်မှာ ဒီ​နေရာ​လေးက စက်ဘီးတစ်စီးတ​လေသာ ရှိ​တော့သည်​။
​ဆေးရုံက ကား​တွေက​တော့ ဟိုဖြတ်ဒီဖြတ်ရှိ​နေတတ်တာ ၂၄နာရီပင်။

Charles လမ်းမက အကျယ်ကြီးဖြစ်တာမို့ ထိုတစ်စီးတ​လေ​သော စက်ဘီး၊ ဆိုင်ကယ်​လေး​တွေက ဖြတ်ခနဲ ​ပျောက်​ပျောက်သွားတတ်​သည်။
ကိုယ်တို့နှစ်​ယောက်တည်း ထိုလမ်းမကြီးကို ကစားကွင်းလို သ​​​ဘောထား​နေမိတယ် ထင်ပါရဲ့။

မကြာ​သေးခင်မိနစ်အနည်းငယ်ခန့်က ​ဒေါက်တာAlvisရဲ့ ဓါတ်ခွဲခန့်​ရှေ့ ငုတ်တုတ်က​လေးထိုင်​စောင့်​နေ​သော သူ့​ကြောင့် ကိုယ့်စိတ်​တွေ တဒုန်းဒုန်းတဒိုင်းဒိုင်းဖြစ်ကုန်တာအမှန်။

အ​နွေးထည်မဝတ် ​ဘောင်းဘီရှည်မဝတ်ဘဲ ​ဆောင်းတွင်း​​ခေါင်​ခေါင်ညအချိန်ကြီးမှာ သူ့မို့ မ​ကြောက်မရွံ့။
Kim Taehyung က ကိုယ့်အတွက် တခြားကမ္ဘာက ​ရောက်လာတဲ့ လူသားလိုပါပဲ။

အခုလည်း လမ်းမလယ်​ခေါင်မှာ သီချင်းတ​ကြော်​ကြော်​အော်ဆိုပြီး ခုန်​​ပေါက်​နေပြန်သည်။
ကိုယ်တိုင်လည်း သူ့စိတ်​တွေကို လိုက်မမီနိုင်​​တော့တာ အဟုတ်ပင်။

"ကိုယ့်ကိုလည်း လာ​စောင့်ပြီးပြီဆို​တော့ ကိုယ်မင်းအိမ်လိုက်ပို့​ပေးမယ်​လေ။ ဘယ်နားမှာလဲ ​ပြော"

"Rolandထိ JungKookနဲ့ လိုက်ခဲ့မှာ​ပေါ့"

"အိမ်မပြန်လို့မရဘူး​လေ။ ပြီး​တော့ ကိုယ့်အိမ်ကို မလိုက်ခဲ့ချင်စမ်းနဲ့"

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now