Part 22

1.4K 243 33
                                    

Unicode~

ကိုက်ခဲ​နေ​သော ဦး​ခေါင်းခွံကို ဖိနှိပ်ရင်း နိုးလာတဲ့ နံနက်ခင်း။

တဆစ်ဆစ်ကိုက်​နေ​သော ဦး​ခေါင်းခွံကို လျစ်လျူရှု အားယူရင်း ​ဘေးဘီဝဲယာကို ကြည့်​တော့ ကိုယ့်အခန်းထဲမှာ။

မှန်ပြတင်းခန်းဆီးကအစ ဖရိုဖရဲနဲ့ မ​နေ့ညက ဝတ်ထားတဲ့ ကုတ်အင်္ကျီနက်ခ်တိုင်ကအစ ဗရုတ်သုတ်ခ။ ​တော်​တော်​လေး ပုံပျက်ပန်းပျက်ဖြစ်​နေတာများ မြင်လို့ ရှုလို့ပင်မ​ကောင်း။

မ​နေ့ညက John Hopkinsရဲ့ Farewell Partyမှာ ရှိ​နေသည်ကို အမှတ်ရသည်။
Andreလာ​ပေးတဲ့ ဝိုင်ဖြူတစ်ခွက်အပါအဝင် ​နောက်ထပ်​ရောက်လာတဲ့ ဝိုင်နီနဲ့ ရှန်ပိန်ကိုပါ ​တော်​တော်​လေး ​သောက်လိုက်​သေးသည်။

ဘယ်​လောက်အတိုင်းအတာထိ မူးသွားတယ်​တော့ မ​​ပြောတတ်၊ အခုသတိရလာ​တော့ အိမ်ကအိပ်ရာ​ပေါ်၀ယ်။

​နေပါဦး... ညက အိမ်ကို ဘယ်လိုပြန်​ရောက်တာပါလိမ့်။ အိမ်က Driverနဲ့လား။ မဟုတ်တာ... သွားတုန်းက သူနဲ့မှ မဟုတ်ဘဲ။
ဒါဆို Laylaနဲ့လား။ Laylaကလည်း မိန်းက​လေးတစ်​ယောက်တည်း​မောင်းရတဲ့ကား​ပေါ် မူး​နေတဲ့သူစိမ်း​ယောကျ်ား​လေးကို တင်ပြီး အိမ်အ​ရောက်ပို့​ပေးမယ်​တော့ မထင်။

ဗရုတ်သုတ်ခ အိပ်ရာ​ပေါ်က​နေပဲ ထလာပြီး လန်းဆန်းသွား​အောင် ​​ရေပန်း​အောက်ရပ်ရင်း ​ရေချိုးလိုက်သည်။

​ရေပန်းကကျလာ​သော ​ရေစက်​ရေမွှားများက ဝမ်းဗိုက်ကြွက်သားတ​လျှောက်ပင် ​ရေချိုးခန်းကြမ်းပြင်သို့ စီးဆင်းသွား​တော့သည်။

ဒီ​​နေ့​တော့ ​ဒေါက်တာ Jamesနဲ့ ​တွေ့ဖို့လည်း ချိန်းထားသည်။ ထူးထူး​ထွေ​​ထွေချိန်းဆိုခြင်း​တော့ မဟုတ်၊ ပုံမှန်​​ဆွေး​နွေးကုသမှုခံယူရမည့် ရက်ချိန်းတစ်ခုသာ။

"အစ်ကို​လေး နိုးလာပြီလား။ ကျွန်မ မနက်စာ ပြင်လိုက်​တော့မယ်​နော်"

"အင်း.. ဒါနဲ့ ညက ကျွန်​တော် ဘယ်လို အိမ်ပြန်​ရောက်လာလဲ သိလား"

"ဟင့်အင်း.. ကျွန်မ ည၁နာရီ​လောက်ထိ​တော့ ​စောင့်​နေ​သေးတယ်။ အဲ့တာ အစ်ကို​လေးပြန်မ​ရောက်​တော့ အပြင်မှာ အိပ်​နေပြီထင်​တာနဲ့ အလုပ်သမားတန်းလျား ပြန်သွားတာပဲ။
ခြံ​စောင့်ကြီးကို ​မေးကြည့်ပါလား။ သူ​တော့သိမှာပါ"

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now