Part 4

1.9K 315 41
                                    

Unicode~

"သ​ဘောကျလား စက်ဘီးစီးရတာ"

"အင်း.. ပထမဆုံး စီးဖူးတာပဲ"

ကိုယ့်ရဲ့ အသက်ရှူ​ငွေ့​လေးက သူ့လည်တိုင်ကို ရိုက်ခတ်​နေသလို ခံစားရသည်။
ခပ်​နွေး​နွေးအ​ငွေ့အသက်က ကိုယ်တို့နှစ်​ယောက်ကြား ကူးလူးယှက်နွယ်​နေသည်။

စက်ဘီးလက်ကိုင်​ပေါ်က လက်နှစ်ဖက်က သူ့​ကြောင့်ပဲ ကတုန်ကရင်ဖြစ်ရပြန်သည်။
လူတစ်​ယောက်နဲ့ ဒီ​လောက်ထိနီးနီးကပ်ကပ်မ​နေဖူးတာမို့လား... ဒီလိုမရင်းနှီး​သော ခံစားချက်ဖြစ်​နေသည်က​လေ။

သူနဲ့ ပတ်သက်သမျှ အ​ငွေ့အသက်၊ ခံစားချက်၊ အယူအဆ အားလုံးက အစိမ်းသက်သက်။
ဒီလို စိမ်းသက်သက်ခံစားချက်​တွေကိုမှ ဖက်တွယ်မိ​နေပြီလားမသိ​တော့ပါ။

"JungKook... ကျွန်​တော်တို့ ဘယ်ကို သွား​နေကြတာလဲ"

"ကိုယ်လည်း မ​ပြောတတ်ဘူး။ မင်းမသိတဲ့​​နေရာ​တွေ ​ခေါ်သွားမှာ မ​ကြောက်ဘူးလား"

"JungKook က ကျွန်​တော်​ကြောက်တဲ့လူ မ​ဟုတ်ပါဘူး​နော်"

ည​နေခင်းမို့ ရာသီဥတုက ​အေးစိမ့်လာသည်။
ကိုယ်တို့နှစ်​ယောက်​ရောက်လာတဲ့ လယ်ကွင်းမှာ ဂျုံပင်​တွေက ဟိုဘက်ဒီဘက် ယိမ်းနွဲ့​နေသည်။

လွှင့်ပျံသွားတဲ့ ဆံနွယ်​တွေ၊ မျက်လုံးထဲဝင်လာတဲ့ သဲမှုန်​တွေ၊ ရှူရှိုက်​နေမိတဲ့ Marylandရဲ့ ​လေထုကြမ်းကြမ်း ဒါ​တွေအ​ကြောင်း ကိုယ်တို့တစ်ခွန်းမှ မ​ပြောဖြစ်။

ဝက်သစ်ချပင်​အောက် ခုံတန်းရှည်​လေး​တွေ့​တော့ ထို​နေရာမှာ စက်ဘီးကို ဘရိတ်ဖမ်းလိုက်သည်။
'ကျွီ'ခနဲ ရပ်သွား​သော စက်ဘီး​လေး​ပေါ်က ဆင်းလာကြပြီး ထိုခုံတန်း​လေးမှာ ဝင်ထိုင်သည်။

ဂျုံခင်းအကျယ်ကြီးက ကိုယ်တို့ရဲ့ မျက်စိတစ်ဆုံးမှာ။
​လေယူရာယိမ်း​နေတဲ့ ဂျုံပင်​တွေ​ကြောင့် လွှင့်ပျံလာတဲ့ အမှုန်အမွှား​တွေက မျက်နှာကို လာရိုက်ခတ်​နေသည်။

"တကယ်ပဲ ကိုယ့်ကိုမ​ကြောက်ဘူးလား။ ပြန်​ပေးဆွဲသွားရင် ဘယ်လိုလုပ်မလဲ"

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now