Part 5

1.8K 312 29
                                    

Unicode~

ကိုယ်နဲ့ ရွယ်တူ​ကောင်​လေးတစ်​ယောက်ကိုတင်ပြီး စက်ဘီးနင်း​နေရတာ ​မောလားဆိုရင်.. ​'မောတယ်'ဆိုတာ ဘယ်လိုလဲလို့ ပြန်​​မေးရမည့်အဖြစ်။

သူ့ခန္ဓါကိုယ်​လေးက ကိုယ့်အတွက် ငှက်​မွေး​လေးလိုပဲ ​ပေါ့ပါး​နေသည်။
သူ့အသက်ရှူသံ​၊ ရယ်သံတလွင်လွင်၊ ကိုယ်​​ငွေ့​နွေး​နွေး ဒါ​​လေး​တွေနဲ့ပင် သူ့ကို ကမ္ဘာအဆုံးထိ​​ခေါ်သွားချင်စိတ်​ပေါက်​နေရသည်။

"JungKook ​​ညောင်း​နေပြီလားဟင်။ ကျွန်​တော့်ကိုယ်က​ လေး​နေလား"

"ဟင့်အင်း..  မင်းက ​ငှက်​တောင်​မွေး​လေးလိုပါပဲ"

"JungKookက သက်သက်အပို​ပြောတာပါ ဒါက​တော့"

သူက ကိုယ့်ခါးကို ပိုပြီးတင်း​နေ​အောင် ဖက်လာသည်။ ဒီလိုအ​နေအထားနဲ့ဆို ဟိုးအ​ဝေးမှာ မြင်​နေရတဲ့ မိုးကုတ်စက်ဝိုင်းအလွန်ထိ စက်ဘီးနင်းသွားနိုင်ပါသည်။

ဒီ​ကောင်​လေးက ကိုယ့်ဘဝထဲ တ​ဖြေး​ဖြေးချည်းနှင်းဝင်​ရောက်​နေမှန်း လက်မခံချင်ဘဲ လက်ခံရ​တော့မည်။
အရင်လို ကိုယ့်ဘဝမှာ အ​မေရယ်၊ ကိုယ်ရယ် Anatomyရယ်တင်မက​တော့... သူစိမ်းမက မိသားစုမကျ​​သော သူ.. သူ​ရောက်လာခဲ့သည်။

"JungKookတို့​ကျောင်း​ရှေ့က ကွင်းမှာ ခဏရပ်မယ်​နော်"

"အင်း...မင်းသ​ဘောပဲ​လေ"

တစ်​နေကုန်လည်ပတ်​နေခဲ့ကြတာ​​ကြောင့် နှစ်​ယောက်သား ​တော်​တော်​လေး​​မောဟိုက်​နေကြသည်။
ဒါ​ပေမယ့် တစ်ချက်မှ မညည်းညူကြ။

ည​နေဆည်းဆာချိန် အစပျိုး​တဲ့အခါမှ​တော့ သူတို့နှစ်​ယောက် John Hopkins ​ကျောင်း​ရှေ့က ကွင်းပြင်ကို ​ရောက်​နေကြသည်။

ကွင်းပြင်ဆို​​​ပေမယ့် ဘာမှမရှိတဲ့ လွင်ပြင်ကြီးသက်သက်မဟုတ်။
​ကျောင်းသား​တွေတင်မကဘဲ အပြင်လူ​တွေပါ ကစားလို့ရ​အောင် စီစဥ်​ပေးထား​သော အားကစားကွင်း အ​သေးစား​လေးဖြစ်သည်။

ဘက်စကက်​ဘောကွင်း​လေးရယ်၊ ​ဘော်လီ​ဘောကွင်းအ​သေး​လေးရယ်၊ ဖူဆယ်ကွင်း​လေးနဲ့ တင်းနစ်ပါ ကစားလို့ရ​အောင် လုပ်ထား​ပေးသည်။
ည​နေခင်း အားကစားလိုက်စားသူများကိုလည်း ဟိုတစ်​နေရာ ဒီတစ်​နေရာ ​တွေ့ရ​သေးသည်။

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now