Part 27 (Final)

4.2K 352 54
                                    

Unicode~

သူမက်တဲ့ အိပ်မက်က ထူးဆန်း​နေသည်။

ပိုထူးဆန်းတာက မ​နေ့ကမှ ​တွေ့ဖူးတဲ့ အဲ့ဒီလူကို အိပ်မက်တ​လျှောက်လုံးမှာ ​တွေ့ခဲ့ရခြင်း။

အိပ်မက်တို့ ထုံးစံအတိုင်း မြင်ကွင်းပုံရိပ်​တွေက အပိုင်းပိုင်းပြတ်ထွက်လို့။

မနက်မိုးလင်းတာနဲ့ ပြတ်ထွက်​နေ​သော အိပ်မက်အပိုင်းအစ​တွေကို ဆက်စပ်ရင်း အ​ဖြေရှာ​နေမိ​တော့တာ။

အဲ့ဒီလူနဲ့ သူနဲ့ ဘတ်စ်ကား​​ပေါ်မှာ ​ဘေးချင်းယှဥ်ထိုင်​နေခဲ့ကြသည်။
အဲ့ဒီလူက သူ​တွေ့ခဲ့ရသလို မျက်မှန်ထူထူနဲ့ သက်လတ်ပိုင်း​ယောကျ်ားကြီးတစ်​ယောက်မဟုတ်။
သူနဲ့ရွယ်တူ ​ကောင်​လေးတစ်​ယောက်လိုပဲ.. ​ကျောပိုးအိတ်​လေးတစ်လုံးနဲ့ ဘတ်စ်ကား​ပေါ်မှာ တကုတ်ကုတ်စာလုပ်​နေသူ။

အဲ့ဒီလူကို သူက Lollipop​လေးလက်​ဆောင်​ပေးခဲ့​သေးတယ်တဲ့​လေ။

အချစ်ရုပ်ရှင်​လေးတစ်ပုဒ်လို ကြည်နူးစရာအတိမို့ ဖက်ထားတဲ့ အရုပ်ကိုပင် ပိုတင်း​နေ​အောင်ဖျစ်ညစ်ပြီးလျက်သား။

အိပ်မက်ထဲမှာ သူနဲ့ အဲ့ဒီလူက စက်ဘီး​လေးတစ်စီး​ပေါ်မှာ။
ဂျုံခင်း​တွေကိုလည်း မြင်ခဲ့ရသည်။ ပန်းချီကားတစ်ချပ်ကို ကြည့်​နေရသလိုပဲ​ပေါ့။

ညအ​မှောင်ရိပ်မှာလည်း အတူကခဲ့ကြ​သေးသည်။
အနမ်းတစ်ခုကိုမျှ​​ဝေခံစား​နေ​ကြောင်းကို ဘာလို့အိပ်မက်ထဲထည့်မက်မိတယ်မသိ.. ​တွေးမိရုံတင် ကြက်သီးတဖြန်းဖြန်းထ​ချေပြီ။
တစ်​ယောက်တည်း အခန်းထဲမှာ ရှက်​နေမိပုံများ ပါးနှစ်ဖက်က ပန်းသီးနှစ်လုံးလို ရဲတွတ်လာလို့။

အိပ်မက်အ​ကြောင်း ပြန်​တွေးရတာနဲ့တင် သူရင်​တွေ တသိမ့်သိမ့်လှိုက်ခုန်လာရသည်။

၁၈နှစ်အရွယ်​ကောင်​လေးမို့ စိတ်ကစားမိပြီး ရင်ခုန်​နေတာမျိုးမဟုတ်။

​ရေစက်လို့​ခေါ်ရမလား.. ဘယ်လို​ခေါ်ရမလဲ.. အဲ့ဒီလိုရင်ခုန်မှုမျိုး။ အနှစ်နှစ်အလလက ကြုံဆုံဖူးသလို.. ရင်ခုန်ခြင်း​တွေကလည်း စိမ်းသက်မ​နေ။

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now