Part 12

1.4K 258 29
                                    

Unicode~

"ဒီပုံ​တွေက ထူးဆန်း​နေတယ်မထင်ဘူးလား Stephen"

Melanie ပြတဲ့ပုံ​တွေကြည့်​တော့ အားလုံးက တစ်​ယောက်တည်းပုံ​တွေချည်း။

"ဘာဖြစ်လို့လဲ။ တစ်​ယောက်တည်းပုံ​တွေချည်းပါ မင်းထင်သလို ​ချစ်သူရည်းစား​တွေလည်း ရှိဟန်မတူပါဘူး"

"တစ်​​ယောက်တည်းမို့ ထူးဆန်း​နေတာ​ပေါ့။ ဒီပုံ​တွေက သူဘယ်သူ့ကို ရယ်ပြ​နေတာလဲ။ ဒါ​တွေက​ရော ဘာ​တွေလဲ"

Melanie​ပြောမှ ​သေချာကြည့်မိတဲ့ တစ်​ယောက်တည်းဆို​​သော ပုံ​တွေ။
​ဘေးပတ်၀န်းကျင်မှာ ဘယ်သူမှမရှိ​ပေမယ့် တစ်​ယောက်တည်း ရယ်​မော​နေတဲ့ Jeon JungKook.

ပိုပြီး​သေချာ​အောင် အထပ်ထပ်အခါခါကြည့်​တော့ အ​ခြေအ​နေကပိုဆိုးလျက်။ ထို​နေရာမှာ ရယ်​​မောစရာတစ်ခုဆို တစ်ခုမှမရှိ။
JungKook တစ်​ယောက်တည်း။

​ကျောင်း​ရှေ့ ​အားကစားကွင်းမှာ​သော်လည်း​​ကောင်း၊ ​ကျောင်းထဲက ပန်းခြံမှာ​သော်လည်း​ကောင်း၊ ​ကော်ဖီဆိုင်က​ပုံ​တွေကလည်း​ကောင်း။
သူတစ်​ယောက်တည်း ရယ်​မောသက်ဝင် ​ဆော့ကစား​​နေပုံ​တွေ။

"ဘာလို့လဲ... ကိုယ့်သား​လေးက ဘာဖြစ်​​နေတာလဲ။ Stephen ကိုယ့်ကို တစ်ခုခု​ပြောပါဦး"

Melanieခမျာ ရူးမတတ်၊ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာသလို ကံဆိုးမှု​တွေက ​ရောက်လာ​တော့လည်း တသီတသန်း။
လင်​ယောကျ်ားဖြစ်သူ​သေဆုံးတာမှ ရက်မလည်​သေး.. ကိုယ့်သားကပါ ဘာ​တွေဖြစ်လို့ဖြစ်ကုန်ပြီမှန်းမသိ။

"စိတ်​အေး​အေးထားပါ။ ကိုယ်​သေချာ ​စောင့်ကြည့်​​ပေးမယ်​နော်"

"Stephen... ကိုယ်​​လေ.. ကိုယ်ရူး​တော့မယ်ထင်တယ်။ ကိုယ့်ဘဝက ဘာ​တွေဖြစ်​နေမှန်းကို ကိုယ်လိုက်မမီ​​တော့ဘူး"

"အ​တွေးမလွန်ပါနဲ့ Melanieရယ်။ ဓါတ်ပုံဆိုတာ ရိုက်ယူရသ​လောက်မြင်ကွင်းတင် ​ပေါ်လာတာမလား။ ကျန်​တဲ့​နေရာ​တွေမှ ကိုယ်တို့ မမြင်ရဘဲ.. ကိုယ်တို့ တစ်ဖက်သတ်ကြီး မ​တွေးကြရ​အောင်​နော်"

Melanieက Stephenရင်ခွင်ကျယ်ထဲ မျက်နှာအပ်ပြီး ရှိုက်ကြီးတငင်ငိုမိ​တော့သည်။
လက်​တွေ့ဘဝမှာ မဖြစ်နိုင်တာ​တွေမလား။

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now