Unicode~
သူဟာ ကိုယ့်ရဲ့ အနွေးဓါတ်။
သူ့ရင်ခွင်သေးသေးလေးထဲမှာ ကိုယ်လိုအပ်တဲ့ နွေးထွေးခြင်း လုံခြုံခြင်း ခွန်အားအပြည့်နဲ့ ကမ္ဘာငယ်လေးတစ်ခု။
သူ့ကိုယ်သင်းရနံ့ငြိမ့်ငြိမ့်လေး နှာဖျားထက်ဝေ့သီလာလျှင် စိတ်ကကြည်လင်လန်းဆန်းသွားသလို။
"ကိုယ် အဲ့ဒီကောင်မလေးကို ရိုက်ပစ်ခဲ့တာ.. ကိုယ်တော့ ရုံးခန်းရောက်တော့မယ်ထင်တယ်"
"ဘာဖြစ်လဲ။ အမှားလုပ်ရင် ခံလိုက်ပေါ့.. ဆရာမကြီးကိုလည်း သေချာပြောပြလေ ဘာလို့ဒီလိုလုပ်မိတယ်ဆိုတာကို"
"အင်း.. ကိုယ်လေ အဲ့ဒီလူလို မကောင်းတဲ့လူဖြစ်သွားမှာလား။ အမျိုးသမီးတစ်ယောက်ကို ကိုယ်ထိလက်ရောက်စော်ကားသူလိုမျိုး"
"မောင့်လောက်ကောင်းတဲ့သူ ကျွန်တော်မသိဖူးဘူး မတွေ့ဖူးဘူး မောင်.."
ကျွန်တော့်ကမ္ဘာမှာ မောင်ပဲရှိတာလေ မောင်ရယ်..။
မောင့်ရဲ့ မေးရိုးထင်းထင်းကို ကျွန်တော်အုပ်ကိုင်ထားမိလျက်။ မောင်က ကျွန်တော့်ကို သိပ်ကိုလိုအပ်နေခဲ့တာ။
"ကိုယ်အခုတလော မှတ်ဉာဏ်တွေပါ မကောင်းတော့ဘူး။ စာမလုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ။ အမေက ကိုယ့်ကို အပြစ်တင်လိမ့်မယ်ထင်တယ်"
"ဟင်.. ဘာလို့လဲ မောင်"
မောင်က အမြဲပြောဖူးသည်။ သူ့ကိုယ်သူထက် ကျွန်တော်က သူ့အကြောင်းပိုသိနေတယ်တဲ့။
အခုလည်း ကျွန်တော်ဟာ မောင့်ရောဂါအခြေအနေကို မောင်မသိခင်မှာပဲ အစအဆုံးသိနေပြန်သည်။မောင့်ရဲ့ ဦးနှောက်အာရုံကြောတွေဟာ တဖြေးဖြေးရှုပ်ထွေးလာတော့မည်။
ထင်ယောင်ထင်မှားဖြစ်ခြင်းတွေ၊ တလွဲယုံမှားသံသယတွေက မောင့်စိတ်ထဲအလိုလိုဝင်ရောက်လာခြင်းတွေ.. ဒါတွေကို မောင်ခံနိုင်ရည်ရှိပါ့မလား။"ကိုယ်လေ တချို့အလုပ်တွေကို လုပ်ပြီးလားမလုပ်ပြီးလား မမှတ်မိဘူး။
တစ်ခါတလေ အဖြစ်အပျက်တစ်ခုလုံးကိုပါ ပြန်မြင်ယောင်ပြီး အဲ့အချိန်ကအလုပ်တွေကိုပါ ပြန်လုပ်နေမိတာမျိုး"
YOU ARE READING
𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨
FanfictionJust the only string tying me to invisible you.. Please don't ever give up on me.. JJK x KTH Kookv