Intro

10.2K 567 15
                                    

Unicode~

'တစ်ခါတ​လေ အချစ်က ကိုယ့်တစ်​ယောက်တည်းအတွက် သီးသန့်တိုက်ခတ်နေတဲ့ ​လေပြည်​လေညင်း​လေး..။

တစ်ခါတ​လေကျ ကိုယ့်တစ်​ယောက်တည်းအတွက် တလက်လက်​တောက်ပ​နေတဲ့ ကြယ်တာရာ..။

ကိုယ့်အတွက် အချစ်က သကြားလုံး​လေးတစ်လုံး၊ ​​ကော်ဖီ​လေးတစ်ခွက်​..။

မိုး​သောက်အရုဏ်က​နေ ဆည်းဆာ​နေဝင်ချိန်၊ သန်း​ခေါင်ယံ ညနက်​တွေအထိ ကိုယ့်ရဲ့ အရာရာက အချစ်ဖြစ်ခဲ့တာ..။

​စက်ဘီးရဲ့ carrier​ပေါ်မှာ အချစ်ကိုတင်ပြီး ဟိုးမိုးကုတ်စက်ဝိုင်းအလွန်ထိ အချစ်နဲ့ခရီးထွက်ကြမယ်ဆိုတဲ့ ကိုယ့်စိတ်ကူး​တွေရယ်..။

ကိုယ့်ခါးကို ဖက်ထားတတ်တဲ့ အချစ်ရဲ့ လက်သွယ်သွယ်​တွေ၊ ကိုယ့်ကို စူးနစ်စွာကြည့်​နေတတ်တဲ့ ရီ​ဝေ​ဝေမျက်ဝန်းတွေ..။
​ခေါင်းအစ ​ခြေအဆုံး အချစ်ရဲ့အ​သေးစိတ် အရာရာတိုင်းက ကိုယ့်နှလုံးသားမှာ သံမှိုစွဲကပ်​နေတာ။

ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုစီတိုင်းကို အချစ်က ပိုင်​နေခဲ့တာ။
ကိုယ်ဟာ အချစ်ရဲ့လူပါ..။

အဲ့သည်​လောက်ထိ အချစ်ဟာ ကိုယ့်ကို လွှမ်းမိုးထားသူပါ၊ ကိုယ့်စိတ်ဝိဉာဥ်ကို လှလှပပ အကျဥ်းချနိုင်သူပါ။

ကိုယ့်နှလုံးသား​တွေ ​​ဗြောင်းဆန်ကုန်ရပါတယ် အချစ်ရယ်..။

အဲ့ဒီအချိန်မှာ​ပေါ့..

ကိုယ့်အတွက်အရာရာ ဖြစ်​နေ​ပေမယ့် တခြားသူ​တွေအတွက်​တော့ အချစ်ဟာ...'

"ဒါ ခင်ဗျားကိုယ်တိုင် ​​ရေးခဲ့တာ​ပေါ့"

"ဟုတ်ပါတယ်.."

"အခု​ရော သူရှိ​သေးလား"

"အင်း... သူက ကိုယ့်အတွက် အရာရာဖြစ်​နေဆဲပါပဲ"
____

Disclaimer ;

ချယ်အရမ်း​ရေးချင်ခဲ့တဲ့ plot​လေးပါ။
ကြိုးစားပြီး ​ဖန်တီးသွားပါ့မယ်။

ချယ့်အတွက် ​တော်​တော်​လေး Heavyဖြစ်ပြီး ခက်ခက်ခဲခဲ​ရေးရတာမို့ ​ရေးတဲ့လူအားရှိသွား​အောင် Ongoing လိုက်​​စေချင်ပါတယ်။

လုံးဝ​နောင်တမရ​စေရပါဘူး။ အတူတူလိုက်ခဲ့​ပေးကြပါ​နော် ♥️

Zawgyi~







ကိုယ်ဟာ အချစ်ရဲ့လူပါ..။



အဲ့ဒီအချိန်မှာ​ပေါ့..



"ဟုတ်ပါတယ်.."

"အခု​ရော သူရှိ​သေးလား"

____

Disclaimer ;




𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now