Part 17

1.2K 239 19
                                    

Unicode~

စ​နေ​နေ့ ​ကျောင်းပိတ်ရက်။

​နွေဦး​ပေါက်လာသည်နှင့်အမျှ ညတာတိုပြီး ​နေ့တာရှည်လာသည်။
မနက် ၇နာရီဆို​ပေမယ့် ​မိုးစင်စင်လင်း​နေသည့်အပြင် ​နေ​ရောင်စူးစူးက ပြတင်းမှန်မှတစ်ဆင့် အိပ်ရာခေါင်းရင်းထက် ကျူး​ကျော်ဝင်​ရောက်လို့။

မျက်​လုံးက ​နေ​​ရောင်ကိုမခံနိုင်​တော့ဘဲ ဖွင့်ရ​တော့သည်။ ပူ​လောင်​နေ​သော ​​ကျောပြင်​ကြောင့် ဆက်အိပ်၍လည်းမရ​တော့။
​Night Stan​ပေါ်က နှိုးစက်က တဂျီဂျီနဲ့ ​အော်မြည်​နေပြီ။

"အား.. အိပ်ချင်လိုက်တာ ဘယ်နှနာရီရှိပြီလဲ"

တစ်​ယောက်တည်း ညည်းညူ​ရေရွတ်ပြီး အသံမြည်​နေတဲ့ နှိုးစက်ကို ပိတ်ချလိုက်သည်။

ဒီ​နေ့က ​ဒေါက်တာ Jamesနဲ့ ချိန်းထားတဲ့​နေ့။ သူ့အိမ်ရာတစ်ဖြစ်လဲ သူ့​ဆေးခန်းကို လာပါမည်ဟု ကြိုတင်ချိန်းဆိုထားပြီးသား။

ဘာရယ်မဟုတ် အရမ်းစိတ်လှုပ်ရှား​နေခဲ့သည်။
စာ​မေးပွဲကြီး​ဖြေရမည့်အချိန်လိုမျိုး စိုးရိမ်စိတ် တသီတသန်းနဲ့။
အလကား​နေရင်း​ စကားစမြည်​​ပြောဖို့​လောက်နဲ့​တော့ ဒေါက်တာJamesက အိမ်ထိဖိတ်​နေမှာ မဟုတ်ဘူး​လေ။

သူ့ရဲ့ ထင်မြင်ယူဆ​ချက်​တွေကို ကိုယ်​တွေးပြီး ​ကြောက်​နေမိသည်။
အ​မေနဲ့ ပြဿနာတက်တုန်းက အ​မေ့ကို ငြင်းခုံ​ပြောဆို​ဖို့ ခွန်အားအပြည့်ဆို​ပေမဲ့ ​အန်ကယ်နဲ့ကျ မတူ။
စိတ်​ရောဂါအထူးကုဆရာဝန်ဆိုတဲ့ ဂုဏ်အရှိန်ကို မယှဥ်နိုင်ဖြစ်ရသည်။

အကုန်လုံးအဆင်သင့်ပြင်ပြီး အိမ်ကထွက်လာချိန်မှာ​တော့ မနက်၉​နာရီနီးပါးရှိလို့​နေပြီ။
​ကျောပိုးအိတ်တစ်လုံးနဲ့ စာအုပ်​တွေက လိုရမယ်ရပါလာသည်။
​ဆောင်​နေကျ Camera​လေးကလည်း ​အိတ်ထဲ​နေရာယူလျက်။

ဂို​ထောင်ထဲက စက်ဘီးကိုကြည့်​တော့ ​ရှေ့ဘီးက ​လေ​လျော့လို့...

"ဦး​လေးကြီး ဒီစက်ဘီးကို ဒီ​နေ့ရ​အောင်ပြင်​ပေး​နော်။ ကျွန်​တော် မနက်ဖြန်စီးမှာမို့"

"စိတ်ချ အစ်ကို​လေး"

Roland မြို့သား​တွေက စ​နေ တနင်္ဂ​နွေ​နေ့ဆို အိမ်ထဲ​နေပြီး အနားယူကြတာများသည်မို့ ဘတ်စ်ကားဂိတ်မှာ လူ​တွေရှင်းလျက်။

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now