Part 7

1.6K 283 29
                                    

Unicode~

"အခုတ​လော  မင်းကြည့်ရတာ တက်ကြွ​နေ​ရော​ပဲနော်"

ကိုယ့်အမူအရာ သိသာ​နေပုံမှာ အ​ခေါ်အ​ပြောသိပ်မရှိတဲ့ အတန်း​​ဖော်ကအစ ရိပ်မိသိရှိ​နေတာမျိုး။
သူက ကိုယ့်​အ​ပေါ်မှာ အဲ့​လောက်ထိလွှမ်းခြုံနိုင်စွမ်းရှိ​နေပါသည်။

"ဘာလဲ ပြုံးစိစိဖြစ်​နေပုံ​ထောက်ရင် အချစ်​တွေဘာ​တွေ ​တွေ့​နေတာလား"

"မင်းက​ကွာ..."

အသံခပ်မာမာက စိတ်ဆိုးမိသည်​ကြောင့်မဟုတ်၊ ကိုယ့်စိတ်ခံစားချက်ကြီးက မျက်နှာ​ပေါ်ရိုက်ကပ်ထားသလို ​ပေါ်​နေ၍သာ ရှက်ရမ်းရမ်းမိခြင်း ဖြစ်လိမ့်မည်။

"Sorry သူငယ်ချင်း။ ငါက စ​နေတာပါ... မင်းဒါ​တွေ စိတ်မ​ဝင်စားမှန်း ငါသိပါတယ်"

"ဟာ မဟုတ်တာ။ ငါက စိတ်ဆိုးသွားတာ မဟုတ်ပါဘူး"

"ဒါဆို တကယ်ကြီး အချစ်နဲ့ ​တွေ့​​နေတာလား"

သိပိမကြာခင်လပတ်စာ​မေးပွဲကမှ Class S1ကို တက်လာတဲ့ အတန်း​ဖော်။ ဒီ​ကောင်က ​​တော်​တော်စပ်စုနိုင်တာပဲ။ တစ်​ကျောင်းလုံးက သတင်း​တွေ သူ့ဆီမှာ​​​ရောက်​နေတာ အဆန်းမဟုတ်​တော့။ ဒီ​လောက်ထိ ဟိုစပ်စပ်ဒီစပ်စပ်ဖြစ်မှ​တော့ အကုန်သိ​နေ​တော့မှာ​ပေါ့။

"မဟုတ်ပါဘူးကွာ မင်းကလည်း..."

"ဟာ.. နှစ်ချို့singleကြီးက အချစ်နဲ့ ​တွေ့​တော့ ရှက်​နေပြီပဲ"

အဲ့ဒီ​နေ့က ကိုယ်​ကျောင်းမှာ ​ပေါ့​ပေါ့ပါးပါးပြုံးရယ်မိသွားတာ ပထမဆုံးပဲ။
မှတ်မှတ်ရရကို မှတ်မိ​နေ​သေးတယ်​လေ။
တစ်ခါမှ အ​ပေါင်းအသင်းမယ်မယ်ရရမရှိတဲ့ဘဝက​ ရယ်​မောစရာရယ်မှသိပ်မရှိခဲ့ပဲ။

ကိုယ်​လေ မင်းအ​ကြောင်းကြားရရုံ ​တွေးမိရုံနဲ့ ရယ်​​မောပြုံး​ပျော်ခဲ့တာ။

ကိုယ့်အပြုံး​တွေက မင်းအပိုင်ဖြစ်သွားတာကို ကိုယ်လက်ခံလိုက်ရတဲ့​​နေ့ပါပဲ။

ပြီး​တော့ မင်းက အချစ်ဆိုတာကို အဲ့ဒီအပြုံး​တွေကပဲ သက်​သေပြခဲ့ပြန်ပြီ​​လေ။

အချစ်ဆိုတဲ့ ခံစားချက်က ​ရှေးဦးပထမမှာ​တော့ ကိုယ့်အတွက် စိမ်းသက်​နေခဲ့တာ။
နှလုံးကြွက်သားရဲ့ ရှုံ့ခြင်း ပွခြင်းအမြန်နှုန်းက ချစ်ခြင်းဆိုတဲ့ ခံစားချက်နဲ့ တိုက်ရိုက်အချိုးကျ​နေမှန်း ကိုယ်အ​စောကြီးတည်းကသာ သိခဲ့ရင် ကိုယ်အချစ်ကို အ​စောကြီး အဓိပ္ပါယ်သတ်မှတ်မိမှာပဲ။

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now