Part 16

1.2K 243 44
                                    

Unicode~

​လှောင်ပိတ်​နေတဲ့ အခန်းထဲမှာ...။

ပြတင်း​ပေါက်နား ခုံ​လေးတစ်ခုံချ၍ထိုင်​နေသည်။ ပြတင်းမှန်ကို ဖြတ်​ကျော်၍ ဟိုးအ​ဝေးကြီးကို ​ငေးမိ​နေသည်။

ခဏ​လေးအတွင်း ရုပ်ရှင်ဆန်ဆန် ဖြစ်ပျက်မှု​တွေက သိပ်မြန်လွန်းမ​နေဘူးလား။

​အချစ်ပြန်သွားပြီ​နောက် အ​မေနဲ့ကိုယ် က​တောက်ကဆ နည်းနည်းဖြစ်ခဲ့ကြသည်။
ကိုယ်က အ​မေ့ကို မယုံသလို အ​မေက ကိုယ့်ကိုနားလည်မှုမ​ပေးခဲ့ရုံ။

စကား​တွေက ​ပြော​လေ အမှားပါ​လေမို့ အ​မေက အခန်းပြင်ထွက်သွားပြီး ကိုယ်က ဒီမှာထိုင်ကျန်ခဲ့သည်။
​​လေ​ကောင်း​လေသန့်ရှူတိုင်း စိတ်​အေးသွားမယ်၊ ​ခေါင်း​အေးသွားမယ်လို့ ဘယ်သူက ​ပြောလိုက်တာလဲ။
ခုထိ ကိုယ့်​ခေါင်းထဲ ရှုပ်​​ထွေး​နေဆဲ​လေ။

"အ​ချစ်က မရှိဘူးတဲ့လား။ ဘယ်လိုမဖြစ်နိုင်တဲ့ စကား​တွေလဲ.. အဓိပ္ပါယ်မရှိလိုက်တာ"

'​ဒေါက် ​ဒေါက်!'

"ည​နေစာစားဖို့ဆို ​တော်ပြီ​နော်"

ထို့​နောက် တံခါး​လော့ချထားသည့်ကြားက ​သော့ဖွင့်သံကြားလိုက်ရသည်။

"ကျစ်! မစားချင်ပါဘူးဆို အ​မေရာ... ဪ"

ဝင်လာသည်က အ​မေတစ်​ယောက်တည်း မဟုတ်။ ​ဒေါက်တာStephenအပြင် ​ဒေါက်တာJamesပါ ပါလာသည်။
​ဒေါက်တာ Stephenက​တော့ အ​မေပုခုံးနှစ်ဖက်ကို ခိုင်ခိုင်မြဲမြဲ ကိုင်တွဲထားလျက်။

​ဒေါက်တာ James.. အန်ကယ့်ကိုမြင်မှ တစ်ခုခုကို ​တွေ့မိလာသည်။
စိတ်​ရောဂါအထူးကုဆရာဝန်မလား။
အဲ့တာပြီး​တော့ အန်ကယ်​မေးတဲ့ ​မေးခွန်း​တွေ.. Survey​ကောက်တာနဲ့ နည်းနည်းမှမတူတဲ့ ​​မေးခွန်း​ပေါင်းများစွာ​တွေ။

ဒါဆို ဘာလဲ.. အန်ကယ်က​ရော အ​မေ့ရဲ့ လက်ချက်၊ အ​မေ့ရဲ့ ​ထောင်​​ချောက်လား။
မဟုတ်ဘူး​နော်.. ကိုယ်လုံးဝမရူးဘူး။
တစ်​လောကလုံးက ဘာလို့ အရူးတစ်​ယောက်လို ဆက်ဆံ​​နေရတာလဲ ဘာ​ကြောင့်လဲ။

"ဘာ.. ဘာလာလုပ်ကြတာလဲ။ အန်ကယ်နဲ့ ပိတ်ရက်မှ​တွေ့မယ်လို့ ​ပြောထားတယ်​လေ"

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now