Part 9

1.5K 273 44
                                    

Unicode~

​နောက်တစ်​​​​​နေ့မနက်မှာ ​ကျောင်းကို ​စော​စောလာပြီး Andreနဲ့ Laylaကို ​စောင့်ရသည်။
သူတို့နှစ်​ယောက်က ​ဘတ်စ်ကားနဲ့ ​ကျောင်းလာသူများဖြစ်ပြီး ကိုယ်တစ်​ယောက်တည်းကသာ အိမ်ကအကြိုအပို့လုပ်​ပေးသူဖြစ်​နေသည်။

"မင်း​စောလှချည်လား JungKook"

"မင်းက ​နောက်ကျ​နေတာ​လေကွာ။ ဘတ်စ်ကားနဲ့ လာတာမလား Layla​ရော မပါဘူးလား"

"Laylaက သူ့ကားနဲ့သူလာတာ​လေ ငါဘယ်သိမလဲကွ"

​ကျောင်း​ရှေ့မှ​စောင့်​​နေကြတုန်း သိပ်မကြာလိုက် Laylaက သူ့ကား​လေးနဲ့​ရောက်လာသည်။
မိုးပွင့်ကား​လေးနဲ့ သူ့ရဲ့​ရွှေ​​ရောင်ဆံပင်တလွှင့်လွှင့်က ပနံရသည်။

"တို့ကားနဲ့ပဲ သွားကြစို့​လေ။ ဘတ်စ်ကား​စောင့်​နေရင် ပိုကြာလိမ့်မယ်"

"ကိုယ်​တို့က​တော့ အဆင်​ပြေတာ​ပေါ့"

Andre​ရော ကိုယ်​ရော Laylaကား​​ပေါ်တက်ပြီး မှုခင်း​ဆေးရုံကို လိုက်လာခဲ့ကြသည်။

John Hopkins တက္ကသိုလ်က ကိုယ်ပိုင်နယ်​​မြေမှာ သီးသန့်​လေးဖွင့်ထားတာ​ကြောင့် မှုခင်း​ဆေးရုံထိ​ရောက်ဖို့ရာ မိုင်အနည်းငယ်​​လောက် ​မောင်းရသည်။

Marylandရဲ့ စိမ်းစိုစိုလွင်ပြင်​တွေနဲ့ ဝါကျင်ကျင်ဂျုံခင်း​ဧကများစွာကို ဖြတ်ပြီးမှ မှုခင်း​ဆေးရုံကို ​ရောက်လာသည်။
မှုခင်း​ဆေးရုံက နာမည်နဲ့လိုက်​အောင်ပင် တိတ်တိတ်ဆိတ်ဆိတ် အချုပ်အကျဥ်းကျ​နေသလို ခံစားချက် မွန်းမွန်းကြပ်ကြပ်။

​ဆေးရုံအုပ်ကြီး ရုံးခန်းကို လမ်းညွှန်ဆိုင်းဘုတ်​တွေဖတ်ပြီးသွားရသည်။
Laylaက​တော့ သူ့စာတမ်းမှာ အရမ်းအားထည့်ထားသည်မို့ ​ခြေလှမ်း​တွေက တက်တက်ကြွကြွ။

"ကျွန်မတို့က John Hopkins ခန္ဓါ​ဗေဒ​ဌာနက ​ကျောင်းသူ​တွေပါ။ အရိုးဌာနနဲ့ပတ်သက်ပြီး Survey​လေးတစ်ခု​ကောက်ချင်လို့ တစ်ချက်​လောက်ကူညီ​ပေးလို့ ရမလားမသိဘူး"

"ဪ... ဒါဆို ကိုယ် သူနာပြုတစ်​ယောက်နဲ့လက်​ထောက်ဆရာ၀န်တစ်​ယောက်ထည့်​ပေးလိုက်မယ်​လေ။ အဆင်​ပြေရဲ့လား"

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now