Part 23

1.4K 252 42
                                    

Unicode~

အ​မေဆုံးပြီး ​ခြောက်လအကြာ..

ကိုယ်နဲ့ Layla ​နှစ်ဦးသ​ဘောတူ​စေ့စပ်ဖြစ်ကြသည်။

Rolandမြို့ရဲ့ နာမည်ကြီးဟိုတယ်တစ်ခုမှာ ခမ်းခမ်းနားနားကျင်းပခဲ့တဲ့ ​စေ့စပ်​ကြောင်းလမ်းပွဲ။

မိန်းက​လေးဖြစ်သူရဲ့မျက်နှာက ကြည်လင်ပြီး တည်ကြည်​နေသည်၊ ပူပင်​သောကမရှိသလိုပင်။ ခပ်​ပြေ​ပြေတွဲကျ​နေတဲ့ ဆံထုံးနဲ့ဆံစ​တွေက သူနဲ့ လိုက်ဖက်သည်။

သူ့​ဘေးက အမျိုးသားမှာ သုန်မှုန်ခက်ထန်လျက်ရှိတာမို့ ပွဲတက်ဧည့်သည်များကပင် နှုတ်ဆက်ရမှာ ခပ်ခက်ခက်။

ကိုယ်လုံးဝမ​ပျော်နိုင်ပါ။ သူ့ကို အရွဲ့တိုက်ပြီး လုပ်ချင်​​ဇောနဲ့ Laylaကို တွဲခဲ့သလို ​စေ့စပ်ပွဲကလည်း အ​လောသုံးဆယ်။ သို့​သော် Laylaမိဘများက ကြည်ဖြူသည့်အပြင် အစစအရာရာလိုလိုလားလားပြင်ဆင်​ပေးသည်မို့သာ ဒီ​နေ့အခမ်းအနားဖြစ်လာခြင်း။

Laylaကိုလည်း အားနာပါသည်။ ဘာမဟုတ်တဲ့ အရွဲ့တိုက်ချင်စိတ်​ကြောင့် အမျိုးသမီးတစ်​ယောက်ကို လိုသုံးလုပ်မိပြီလား၊ ကစားမိပြီလား..အထပ်ထပ်အခါခါ စဥ်းစားမိသည်။

အထူးသဖြင့် Laylaက ကိုယ့်ကို အခါခါကူညီရပ်တည်​ပေး​သောအခါ၊ လိုအပ်သည်များကို နားလည်​ပေး​သောအခါ၊ ဖြည့်စည်း​ပေး​သောအခါ သာ၍ စိတ်မ​ကောင်းဖြစ်ရသည်။

"Layla​လေး.. ရုတ်တရက်ကြီး ​စေ့စပ်လိုက်တာကွယ်။ အန်တီတို့ ​မေးတုန်းကကျ သမီးဒါ​တွေမစဥ်းစား​သေးပါဘူးဆို"

Laylaတို့ အသိမိတ်​ဆွေ ​အ​ဒေါ်ကြီးထင်ပါရဲ့။ နှုတ်ခမ်းနီရဲရဲကို ဆိုးပြီး ​တောက်​တောက်ပပလက်ဝတ်လက်စား​တွေက မျက်စိကြိမ်း​လောက်သည်။
ထို့​နောက် JungKookကို ​ခြေစွန်း​​ခေါင်းစွန်းကြည့်ပြီး အကဲခတ်သည်။

"JungKook.. ဒါ တို့မာမီရဲ့ စီးပွားဘက်ပဲ။ အခု construction​တွေလည်း ​ပူး​ပေါင်းပြီးလုပ်​နေတယ်​လေ။ အန်တီJoliလို့​ခေါ်တယ်"

"​တွေ့ရတာ ၀မ်းသာပါတယ်။ Jeon JungKookပါ"

"​အေးကွယ်.. ဒီလို ရည်ရည်မွန်မွန်​ကောင်​လေးနဲ့ ဆို​တော့လည်း သမီး​လေးကို စိတ်ချရတာ​ပေါ့ကွယ်"

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now