Part 18

1.2K 242 22
                                    

Unicode~

"​ဒေါက်တာJamesက ​မောင့်ကို ​တော်​တော်​လေး ခင်တွယ်ပုံပဲ​နော်"

"မသိပါဘူး အချစ်ရယ်"

အန်ကယ်က ကိုယ့်ကို ခင်တွယ်သည်ဆိုသည်မှာ လူနာတစ်​ယောက်လို။ သူ့ကို ဒါ​တွေ ကိုယ်ဖွင့်မ​ပြောနိုင်၊ ရင်မဖွင့်နိုင်။

ကိုယ့်ရဲ့စိတ်အစဥ်တစ်ခုလုံးက မည်း​မှောင်ကျ​နေပြီး အကျဥ်းထဲတစ်ခုထဲ ပိတ်​လှောင်မိ​နေသည်။
ကိုယ်ရုန်းထွက်ဖို့ ​ခက်​နေပြီ အချစ်။

တစ်ချိန်က အချစ်ဟာ ကိုယ့်ဘဝကို ကိုယ့်စိတ်ကို အလင်းပြမည့်သူလို့ ထင်​ခဲ့​ပေမယ့် တကယ်တမ်းမှာ ကိုယ့်အထင်မှားသွားခဲ့သည်။
ကိုယ်တို့နှစ်​ယောက်လုံးက တစ်​နေရာတည်းမှာ ပိတ်မိ​နေကြပြီး ​ရှေ့ဆက်တိုးခွင့် ကင်းမဲ့စွာ။
မမြင်ရ​သော ကြိုးတစ်​ချောင်းက ကိုယ်တို့နှစ်​ယောက်ကို ​ကျောချင်းကပ်ချည်​နှောင်​စေလျက်။

​ရှေ့လမ်းတစ်​ကွေ့မှာ ပင်စည်ဖြူဖြူနဲ့ ယူကလစ်ပင်တန်းကြီးကို မြင်​​နေရသည်။
​ရွက်​ဟောင်း​တွေကလည်း ​ကြွေကျစပြု​နေပြီ။

ယူကလစ်ပင်ကြီး​အောက်အ​ရောက်မှာ လမ်း​​လျှောက်နေရာက ရပ်ပြီး ကိုယ့်နှုတ်ခမ်း​တွေက သူ့နှုတ်ခမ်း​တွေဆီ ​ပျော်ဆင်းသွားသည်။

ကိုယ်သာ အချိန်​တွေကို ရပ်တန့်နိုင်စွမ်းရှိလျှင် ကိုယ်တို့နှစ်ဦးကလွဲ တခြားသူ​တွေ၏အချိန်ကို ရပ်တန့်ဖြစ်​အောင် ရပ်တန့်ပစ်မည်။

သစ်ရွက်​ခြောက်​တွေက ကိုယ်တို့နှစ်​​ယောက်ကြားက​နေ ​မြေပြင်​ပေါ် သက်ဆင်း​ကြွေကျ၏။
သစ်ရွက်​ခြောက်​လေး၏လားရာအရပ်ကို ​ငုံ့ကြည့််မိသည်။
ကြွေကျလာ​​သော ယူကလစ်ရွက်​ခြောက်​တွေကြား ကိုယ် သူ့ရဲ့ ထူးခြားကွဲပြားမှုတစ်စုံတစ်ရာကိုပါ ​တွေ့ရှိသွားပြီး အဓိပ္ပါယ်ပါပါ ပြုံးမိလိုက်သည်။

သူ့​ခြေဖမိုးက ​သွေးစို့စို့ဒဏ်ရာ​တွေဟာ ဘယ်​​တုန်းကမှ ​ပျောက်ကင်းခဲ့ခြင်းမရှိပါ။
စ​တွေ့ချိန်က​နေ အခုထိ မကျက်​သော ဒဏ်ရာတစ်ခုအဖြစ်ရှိ​နေဆဲ။
ချစ်တဲ့စိတ်က ကိုယ့်အာရုံ​တွေကို ခြယ်လှယ်ခဲ့၍သာ သတိထားမိဖို့ ​​မေ့​လျော့သွားခြင်း။

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now