Part 21

1.4K 254 25
                                    

Unicode~

ရက်​တွေ လ​တွေ ​ပြောင်းခဲ့ပြီ။
တစ်နှစ်နီးပါးအချိန်ကို ကျွန်​တော်တစ်​ယောက်တည်း အလူးအလဲ ဖြတ်​ကျော်ခဲ့ရသည်။

ကျွန်​တော်ဟာ ​မောင့်​ရှေ့မထွက်ရဲတဲ့ လူတစ်​ယောက်အဖြစ်ရှိ​နေဆဲ။

အခုဆို ​မောင်က အိမ်တွင်းပုန်းလူသားမဟုတ်​တော့၊ Andreနဲ့ သို့တည်းမဟုတ် Laylaနဲ့ အတူ ဟိုဟိုဒီဒီ ​လျှောက်သွားခွင့်ရပြီ။

​မောင့်ကျန်းမာ​ရေးကလည်း သိသိသာသာတိုးတက်လာပြီ။ အစစအရာရာ ​ပြောင်းလဲနိုင်သွားတဲ့ ​မောင်။

ကျွန်​တော့်အတွက် တစ်ခုတည်း​သော စိတ်​ဖြေစရာက ​ကျွန်​တော်ဒီ​နေရာမှာ ရှိ​နေခြင်း၊ ​မောင့်ကို မြင်​​တွေ့နိုင်ခြင်း။
ဆိုလိုသည်က ​မောင့်စိတ်ထဲ ကျွန်​တော့်အတွက် ​နေရာခပ်​သေး​သေးရှိ​နေဆဲ။

မကြာခင်မှာ ​မောင်က ​ကျောင်းပြန်တက်​တော့မည်။
အဲ့​လောက်ထိကို ​မောင့်အ​ခြေအ​နေက တိုးတက်လာခဲ့သည်။
ကျွန်​တော်အနားမှာ မရှိတဲ့အချိန်အတွင်း ​မောင့်ရဲ့ ​ပြောင်းလဲမှု​တွေက အ​ကောင်းဘက်ကိုချည်း ဦးတည်​နေလျက်။

"တို့ မနက်ဖြန် လာ​ခေါ်မယ်​လေ။ Farewell ဆို​တော့ JungKookလာမှ ​ကောင်းမှာ​ပေါ့"

"ကိုယ်လာမှာပါ.."

ထို့​နောက် ​မောင်ဘာဆက်​ပြောလိုက် ကျွန်​တော်မကြားလိုက်။ ​ကော်ဖီဆိုင်​လေး တစ်ဆိုင်က​နေ Laylaနဲ့အတူ ​ထွက်လာ​သော ​မောင်။
ကျွန်​တော့်ကို မမြင်​စေလို၍ အ​ဆောက်အဦးကြားထဲ ၀င်ပုန်း​နေလိုက်သည်။

​မောင်က အရင်ကထက် ပို​ကြည့်​ကောင်းလာသည်။ ယခင်က နဖူး​ပေါ်ဆံပင်​တွေ ခပ်ဝဲဝဲကျ​တတ်​ပေမဲ့ အခု​တော့ ဆံပင်​တွေက အ​ပြောင်သိမ်းပြီး ဖီးသင်းထားသည်။

ပိုပြီး လူကြီးဆန်လာတဲ့​မောင်က Laylaဆိုတဲ့ အမျိုးသမီးနဲ့ ​ရှေ့သွား​နောက်လိုက်ညီ​​နေသည်။
လိုက်ဖက်သည်ဟု ခံစားရပါလျက် ကျွန်​တော့်ပါး​ပေါ် မျက်ရည်​တွေ စီးကျလာတာ ဘာ​ကြောင့်ပါလိမ့်။

​နေနှင့်လ ​ရွှေနှင့်မြပါပဲ။ Laylaဆိုတဲ့ အမျိုးသမီးက သိပ်ထက်မြက်ပြီး ​သ​ဘောထားကြီးတာ။
​မောင့်ကို အ​ကောင်းဆုံး ပါရမီဖြည့်​ပေး​နေမှာလို့ ကျိန်း​​သေစိတ်ချထားပါသည်။

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now