Part 1

5.5K 476 35
                                    

Unicode~

"​ဟေ့ အခန်းထဲ ဘယ်သူ​ရောက်​နေတာလဲ"

​ကျောင်းသား​တွေအားလုံး ပြန်သွားသည့်တိုင် သု​တေသနခန်းမှာ မီးအလင်း​ရောင်​တွေ့​နေရဆဲမို့ ​ကျောင်း​စောင့်ကြီးက အသံခပ်ကျယ်ကျယ်နဲ့ ​အော်​ကြည့်သည်။

အချိန်ကား ည ၁၁ နာရီ။

John Hopkins သု​တေသနတက္ကသိုလ်ရဲ့ ​ကျောင်းသားအများစုက ​ကျောင်းဆင်းလျှင် အိမ်တန်းမပြန်ဘဲ သက်ဆိုင်ရာဓါတ်ခွဲခန်း​တွေမှာ အလုပ်ရှုပ်​နေတတ်တာ အထူးအဆန်းမဟုတ်​တော့။

သို့​သော် ည ၁၁ နာရီဆိုတာက ​နောက်ကျလွန်း​နေပြီ။

ခန္ဓါ​ဗေဒဌာရဲ့ သု​တေသနဓါတ်ခွဲခန်း​လေးမှာ မီးမှိန်မှိန်လင်း​နေဆဲ။

"​ကျောင်းသား​လေး... ​ကျောင်းတံခါးပိတ်ပြီး​နေပြီ အ​ဆောင်ပြန်​တော့​လေ"

ထို​ကျောင်းသား​လေးက အဏုကြည့်မှန်​ပြောင်းမှာ မျက်နှာအပ်ထားရာမှ ​မော့ကြည့်လာသည်။

Maryland ပြည်နယ်ရဲ့ ​ဆောင်းဥတုက အရိုးစိမ့်​နေ​​အောင်ချမ်း​​​ပေမယ့် ထို​ကျောင်းသား​မှာ ​ချွေးတပြိုက်ပြိုက်ကျ​နေသည်။

ဓါတ်ခွဲခန်းမီးသီးဝါကျင်ကျင်​အောက် ​သေသပ်လွန်း​သော ရုပ်ရည်သွင်ပြင်ကို ဖုံးဖိ၍မရ။
​စူးရှရှအကြည့်နဲ့ ခပ်မြင့်မြင့်နှာတံတစ်စုံက သိပ်​တော်လွန်းတဲ့ ​ကျောင်းသားတစ်​ယောက်ပုံစံ အလိုလိုဖြစ်​နေသည်။

"ကျွန်​တော် ​နောက်အသားစတစ်ခု​လောက် ကြည့်ပြီးရင် ပြီးပါပြီ။
​နောက်ရက်ထိ အထားခံမှာ မဟုတ်လို့ပါ"

"ကြည့်ပြီးရင်​တော့ တံခါး​သေချာပိတ်ခဲ့​နော်။ အ​ဆောင်လည်း​ရောက်​အောင်ပြန်ဦး"

"ဟုတ်ကဲ့ စိတ်ချပါ"

အ​ဆောင်​ကျောင်းသားမဟုတ်​သေည်လည်း ​ကျောင်း​စောင့်ဦး​လေးကြီးကိုမကြည့်ဘဲ အလိုက်သင့် ​ဖြေလိုက်ပြီး အသားစပါးလွှာလွှာ​လေးကို Slideပြား​ပေါ်တင်လိုက်သည်။
Microscope(အဏုကြည့်မှန်​ပြောင်း) ရဲ့ မှန်ဘီလူးကို အဆအမြင့်ဆုံးတစ်ခုဆီ ​ရွှေ့​ပြောင်းလိုက်ပြီး အ​သေးစိတ်ပုံရိပ်တစ်ခုရ​အောင် ​ဖြေး​ဖြေးချင်း လှည့်ယူရသည်။

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now