Part 25

1.6K 285 76
                                    

Unicode~

၁၈နှစ်ခန့် ကြာပြီး​နောက်...

John Hopkinsတက္ကသိုလ်ရဲ့ Theatre ထဲမှာ သင်ခန်းစာ​တွေ ပို့ချ​နေသူ။
ညာလက်လက်မှာ မှတ်စုစာအုပ်တစ်အုပ်ကို ကိုင်ထားသည်။

​လေး​ထောင့်ဆန်ဆန်မျက်မှန်တစ်လက်က သူ့မျက်လုံးကို အုပ်၍ ​နေရာယူထားသည်။ အ​ပြောင်သိမ်းကာ နဖူး​ဖော်ထား​သော ဆံပင်ပုံစံက သူ့ကို ခန့်ညား​​​စေသည်။

"ဒါ​ကြောင့် သတိထားရမှာတစ်ချက်က အ​ရိုး​ပွတယ်ဆိုတဲ့ ဖြစ်စဥ်က ​​ဟော်မုန်းနဲ့ပါ သက်ဆိုင်​နေတယ်။
အမျိုးသမီး​တွေ ​သွေးဆုံးကာလ​ရောက်ပြီဆို estrogen​ဟော်မုန်းကျလာပြီး အရိုးနဲ့ဒြပ်ထုကို ထိန်းဖို့ခက်လာမယ်။ အဲ့ဒီအခါကျ အရိုးပွတယ်ဆိုတာဖြစ်ဖို့ အခွင့်အ​ရေးပိုများသွားမယ်"

Projector​ပေါ်မှာ ရုပ်ပုံ​တွေ တစ်ခုပြီးတစ်ခု​ရွှေ့သွားသည်။
​ကျောင်းသား​ကျောင်းသူ​တွေက ထုံးစံအတိုင်း မီသမျှကို လိုက်မှတ်သားရသည်။
အထူးသဖြင့် ဒီပါ​မောက္ခရဲ့ Lecture​တွေက လွတ်လို့မဖြစ်တဲ့ အ​ရေးကြီး သင်ခန်းစာ​တွေချည်း။ ​နောက်ဆုံးစာ​မေးပွဲအထိ အ​ရေးပါလာမည့်စာ​တွေ။

"ဒီ​နေ့ သင်ခန်းစာက​တော့ ဒီ​လောက်ပဲ။ ဆရာက​တော့ ခန္ဓါ​ဗေဒဌာနက Professor Jeon JungKookပါ။ နားမလည်တာရှိရင် ရုံးခန်းလာ​မေးလို့ ရပါတယ်"

အသက် ၄၀ကို ​ခြေလှမ်း​နေတဲ့အရွယ်။
အရွယ်နဲ့မလိုက်​​အောင် ခန့်ညားလွန်းသူ။ ​သေချာကြည့်တတ်ပါက ထက်မြက်စူးရှလွန်းသည့် အဲ့ဒီမျက်လုံး​​တွေထဲ ခပ်မှိုင်းမှိုင်း အရိပ်တစ်ခု ​တွေ့နိုင်ပါသည်။

၁၈နှစ်... တစ်ခဏ​လေးမဟုတ်တဲ့ ၁၈နှစ်ဆိုတဲ့ကာလ။
တစ်​ယောက်တည်း ဖြတ်​ကျော်နိုင်ခဲ့လို့ ကိုယ့်ဟာကိုယ်ချီးကျူးမိသည်။
သွက်သွက်ခါ​အောင်ရူးပြီးရင် ​သေ​တော့မှာလားလို့ ​​တွေးထင်မိခဲ့​သေးသည်။

ကံ​ကောင်းစွာ သို့မဟုတ် ကံဆိုးစွာဟုပင် ဆိုရမလား.. သူဒီအသက်အရွယ်အထိ အသက်ရှင်ကျန်​နေဆဲ။
အခွံသက်သက်ကြီး ရှင်ကျန်​နေခဲ့ဆဲ။
အထီးကျန်စွာ.. နာကျင်စွာဖြင့် တစ်​ယောက်တည်း။

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now