Part 24

1.6K 266 44
                                    

Unicode~

"Kim.. Kim Taehyungလား"

Layla အသံက တုန်တုန်ရီရီ။ သူချစ်ရသူက အခုထိ အချစ်​​ဟောင်းကိုသာ တမ်းတ​နေဆဲ​ဆိုပြီး အတည်ပြုသိရှိလိုက်ရတဲ့ အခိုက်အတန့်။

​ဒေါသထွက်သင့်လား၊ စိတ်ဆိုးသင့်လား၊ ဝမ်းနည်းသင့်လား၊ ဘယ်လိုခံစားချက်ကို ထုတ်​ဖော်ပြသင့်လဲဆိုတာ ​ဝေခွဲမရဖြစ်​နေခြင်း။
တံခါးဝက​နေ တစ်လှမ်းချင်းလှမ်းလာ​ပေမယ့် ​ခြေလှမ်း​​တွေက သူထိန်းချုပ်ထားသလိုဖြစ်မ​နေ၊ လေနှင်ရာလွှင့်​နေသကဲ့သို့။

"Layla... ဘာလို့ တံခါးမ​ခေါက်ခဲ့တာလဲ"

​အေး​ဆေးတည်ငြိမ်စွာ​ထွက်လာ​သော JungKook အသံက သူ့စိတ်ကို ထိုးဆွလျက်ရှိသည်။
သူ့ကို ဘယ်လိုမိန်းမထင်​နေလို့လဲ။ ​ပြောသမျှ၊ လှိမ့်သမျှ နားလည်လက်ခံ​ပေးတတ်တဲ့ ငတုံးငအမကြီး​​ပေါ့​​လေဟုတ်လား။

"Jeon JungKook! မင်း တို့ကို ဘယ်လိုထင်​နေတာလဲ။ မင်းအတွက် အသုံးချခံကြီး ထင်​နေတာလား။
မင်းက တို့နဲ့ ​စေ့စပ်ပြီးသားပါ... ဒါက ​ဖောက်ပြန်တာပဲ၊ ​​ဖောက်ပြန်​နေတာ သိရဲ့လား"

"မဆိုင်တာ။ Taehyungဆိုတာ မရှိဘူးလို့ မင်းတို့ပဲ အတင်းအကြပ်​ပြောခဲ့တာ​လေ"

"မရှိတာ​တွေ ရှိတာ​တွေ တို့ကို လာမ​ပြောနဲ့ မသိချင်ဘူး။ ကိုယ်အားဖြင့်မဟုတ်ရင်​တောင် စိတ်နဲ့​ဖောက်ပြန်​​နေတာ မင်းငြင်းမယ်မကြံနဲ့..."

တည်ငြိမ်ထိန်းချုပ်တတ်သူ​တွေရဲ့ ​ဒေါသက ပို​ကြောက်ဖို့​ကောင်းသည်ဆိုတာ အမှန်။
အမြဲမျိုသိပ်ထိန်းချုပ်​နေရ​သော Laylaက ပထမဆုံး​ပေါက်ကွဲ​လေ​တော့ ပန်းချီကား​တွေဆီ တန်းတန်းမတ်မတ်​လျှောက်သွားပြီး...

"ဖျက်ဆီးပစ်မယ်.. ဒါ​တွေအကုန်ဖျက်ဆီးပစ်မယ်! ကဲဟာ! ကဲဟာ!"

မချိတ်ဆွဲရ​​သေးတဲ့ ပန်းချီကား​တွေကို ကိုင်​ပေါက်သည်။ ပထမ​တော့ JungKookက သတိမဝင်​သေး၊ သတိထားမိချိန်မှာ​တော့ ပန်းချီကား ၃ကား​လောက်က ပျက်စီး​နေပြီ။

"​တော်​တော့ Layla! ​တော်​တော့! ကိုယ်​​တောင်းပန်ပါတယ်ဟာ Taehyungကို​တော့ မထိပါနဲ့"

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now