Part 2

2.8K 377 58
                                    

Unicode~

"​ဒေါက်တာAlvis ရှိပါသလားခင်ဗျာ"

"ဝင်လာခဲ့... အချိန်ပိုင်းလုပ်မယ့်​ကျောင်းသားမလား"

​ဒေါက်တာ Alvisက နှုတ်ခမ်း​မွေးကားကား ​ခေါင်းဖြူဖြူနဲ့ ​​လေး​ထောင့်မျက်မှန် အထူကြီးကို တပ်ထားသည်။
စကားသံကလည်း ​ခပ်​လေး​လေးနဲ့ ပြတ်ပြတ်သားသား။

ဓါတ်ခွဲခန်းထဲက ထွက်လာပြီး Lab coatအဖြူ​ရောင်မှာ ​ဆေးရည်​တွေ ဟိုတစ်စဒီတစ်စစွန်း​နေသည်။

"ဟုတ်ပါတယ်။ ဌာနမှူးက ​ကျောင်းဆင်းရင် ဝင်သွားလိုက်ဆိုလို့ပါ"

"မင်းအလုပ်က ငါ့ဓါတ်ခွဲခန်းမှာ ကူ​ပေးဖို့ပါပဲ။ လူနာ​တွေလာရင် ငါတစ်​ယောက်တည်းမနိုင်လို့။
အချိန်ပိုင်းလခက​တော့ တစ်လကို ​ဒေါ်လာ၆၀၀.. အဆင်​ပြေရဲ့လား"

"​ပြေပါတယ်။ ကျွန်​တော့်အတွက်က ဓါတ်ခွဲခန်း​လေး သုံးခွင့်ရရင် အဆင်​ပြေပါတယ်"

"​​အေး သုံး​လေ...ငါ့ပစ္စည်း​တွေ​တော့ ဘာမှမဖြစ်​စေနဲ့။ ကျန်တာ ကြိုက်သလိုသုံး။
စာတမ်းအတွက် ပြင်ဆင်​နေတယ်ဆို ဘာ​ခေါင်းစဥ်လဲ"

ဌာနမှူးကြီးက အိတ်သွန်ဖာ​မောက်​ပြောထားသည်မို့ JungKookပင် အားနာသွားရသည်။
တကယ်တမ်း စာတမ်းအတွက် ဘာတစ်ခုမှ သတ်သတ်မှတ်မှတ်မပြင်ဆင်ရ​သေး။

"​ခေါင်းစဥ်အတိအကျ​တော့ မ​ရွေးရ​သေးပါဘူး။ ကြွက်သား၊ အ​ရေပြား၊ အရိုး တစ်ခုခုလုပ်နိုင်ဖို့​တော့ ပြင်ဆင်​နေပါတယ်"

"လိုတာရှိလည်း ​ပြော​ပေါ့"

ထိုည​နေက ​ဒေါက်တာကြီးက အလုပ်နဲ့ပတ်သက်တဲ့ အ​ခြေခံလုပ်ငန်း​တွေ သင်​​ပေးသည်။
ကြီးကြီးမားမားအလုပ်​​တွေထက် လူနာ record​တွေ မှတ်ထား​ပေးရန်သာ။

နာမည်ကြီးဓါတ်ခွဲခန်း​ဆို​ပေမယ့် ကိုယ့်အပြင် တခြားအကူဝန်ထမ်းမရှိ။
ကိုယ့်အလုပ်သူ့အလုပ်လုပ်​နေကြပြီး ကိစ္စမရှိလျှင် စကား​​​တောင် မ​ပြောဖြစ်။

အလုပ်အားလပ်ချိန်မှာ JungKook စာအုပ်တစ်အုပ်ထုတ်ဖတ်​နေရင်း ဟို​ကောင်​လေး​ပေးသွားတဲ့ Lollipopကို ​တွေးမိသွားသည်။
​ကျောပိုးအိတ်ထဲ ရှာကြည့်​တော့ Lollipop နှစ်ခုလုံး မရှိ။

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now