Part 26

1.8K 309 62
                                    

Unicode~

'ဘုန်း!'

"အာ့!"

"Sorry​ကောင်​လေး ကိုယ် မမြင်လိုက်လို့"

ထို​ကောင်​လေးက ပြန့်ကျယ်ကျယ်ဦးထုပ်​လေး​​ဆောင်းထားတာမို့ အ​ပေါ်က​နေ မိုးကြည့်လျှင် မျက်နှာကို မမြင်ရ။ အချိန်လည်း သိပ်မရ​တော့တာ​ကြောင့် ဖြစ်သလို​လေး ထူ​ပေးပြီး ထွက်လာခဲ့သည်။

ကား​ပေါ်​ရောက်​တော့ ​နောက်ကြည့်မှန်က​နေတစ်ဆင့် ထို​ကောင်​လေးရဲ့ ​ကျောပြင်ကို မြင်ရသည်။
ရင်းနှီး​နေသလိုပဲ.. ဒီ​ကျောပြင်ငယ်က..။

Caramel​​ရောင် ရှပ်အင်္ကျီနဲ့ စတိုင်ပင်​ဘောင်းဘီ.. ​နောက်ပြီး ​ကျောပိုးအိတ်ကို ပုခုံးတစ်ဖက်​ပေါ်မှာ လွယ်ထားသည်။
ထိုခဏ​လေးအတွင်းမှာ ကိုယ် သူ့ရဲ့ အ​နောက်ပိုင်းမြင်ကွင်းကို scanဖတ်သလို ဖတ်နိုင်သွားသည်။

"မဟုတ်တာ... ငါ အချစ်ကို စိတ်စွဲ​နေလို့​နေမှာ။ အဲ့​လောက်ထိလည်း မတူနိုင်ပါဘူး"

တစ်​ယောက်တည်း တီးတိုး​ရေရွတ်ပြီး ​ကျောင်းကို ​ရောက်လာ​ပေမယ့် အဲ့ဒီပုံရိပ်၊ အဲ့ဒီစိတ်က ကိုယ့်​နောက်ကို တစ်ပါတည်း လိုက်လာခဲ့သည်။

ကိုယ် သူ့ကို တခြားလူနဲ့အမှတ်မှားရ​လောက်​အောင် လက်လွတ်စပယ်မနိုင်ပါဘူး။

ဪ... အချစ်ကို ကိုယ်သိပ်စွဲလန်း​နေပြန်တာပဲ။

"Professor Jeon ပြန်လာပြီလား.. ​နေ့လည်စာ​ရော"

"ဧည့်သည်တစ်​ယောက်နဲ့သွား​တွေ့ရင်း စားလာခဲ့ပြီ"

"စ​နေ​နေ့ seminarကို ​Mr. Jeon တာ၀န်ယူထားတယ်ဆို"

"ဟုတ်တယ်.. ကျွန်​​တော် researchလုပ်ထားတာ​လေးလည်း အဆင်သင့်ဖြစ်ပြီဆို​တော့ ​ကျောင်းအုပ်ကြီးကို တစ်ခါတည်းခွင့်​တောင်းလိုက်တာ"

ဒီတစ်ခါ Seminarက Postgraduateတန်းနဲ့ Doctoral အတန်း​တွေတင်မက..။
​ကျောင်းတက်စ အငယ်​လေး​တွေပါ ပါမည်ဟု ကြားသိရသည်။ ကိုယ်က ​နောက်ဆုံးနှစ်က​​လေး​တွေကို သင်ရသူမို့ ပထမနှစ်​​ကျောင်းသားလေး​တွေနဲ့ မ​တွေ့ဖူး။
ဒီ seminarတက်တာက အငယ်တန်း​တွေနဲ့ပါ ရင်းနှီးချင်တာလည်း ပါသည်။

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now