Part-4

6.1K 489 18
                                    

[Unicode]
သူရဇ္ဇ ပေးခဲ့တဲ့ အိပ်ရာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ် ပစ်လိုက်သည်။ ပင်ပန်းနေလို့ထင်သည် ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ တန်းအိပ်ပျော် သွားသည်။ အချိန်အတိုင်းအတာတစ်ခုထိ အိပ်ပြီးနောက် မျက်လုံးက အလိုလိုပွင့်လာသည်။
အရင်ကထက် ပိုပြီးအားပြည့်လာသလိုလည်း ခံစားရသည်။

ကောင်းကောင်းကြီးအိပ်ပျော်သွားတာပဲ

ဒီနေ့လည်း ဒီအခန်းထဲမှာပဲနေရဦးမည်။ ဘယ်မှသွားခွင့်မရှိသလို အခန်းထဲမှလည်း ထွက်ခွင့်မရှိ။

ထောင်ကျနေသလိုပဲ ချီး

ကိုယ့်သဘောနဲ့ကိုယ်ထွက်သွားရင်လည်း ဘိုးဘေးကြီးသူရဇ္ဇ ရှယ်ကောတာ ခံရဦးမည်ဖြစ်သည်။ အခန့်မသင့်ရင် ကြိမ်ဒဏ်ပါခံရနိုင်သည်။

တစ်ချိန်လုံး ဒီတိုင်းနေနေရမှာ ပျင်းစရာကြီး စကားပြောမယ့်လူတစ်ယောက်တောင်မရှိဘူး ဟူး

တိမ်ယံရှင်း စိတ်ပျက်လက်ပျက်ဖြင့် အခန်းထဲကို ဝေ့ကြည့်လိုက်သည်။ လူနဲ့တူတာဆိုလို့ ပန်းချီကားပင်မရှိ။

ဒီမှာနေရတာ တစ်ခုကောင်းတာက အစားခဏခဏ စားစရာမလိုတာပင်။ တစ်ခါစားပြီးတာနဲ့ နာရီပေါင်းများစွာ မစားဘဲနေနိုင်သည်။
အခုမှသူ့ဘဝက ထမင်းတစ်ပန်းကန်စား ၂၃နာရီ အငတ်ထား မျက်နှာမွဲအစောင့်လေးတိမ်ယံရှင်း ဖြစ်လို့နေသည်။

အဖေနဲ့အမေရေ သားအဖြစ်ကို လာကြည့်ပါဦးဗျ...

ထိုစဥ် တံခါးအပြင်ဘက်မှ တစ်စုံတစ်ယောက်က သူ့အားခေါ်သည့်အသံကိုကြားလိုက်ရသည်။

သူရဇ္ဇများလား

တိမ်ယံရှင်းက သူရဇ္ဇဟု တွေးပြီးတံခါးကိုဖွင့် လိုက်သည်။ တံခါးရှေ့မှာရပ်နေတဲ့လူက သူထင်သလို သူရဇ္ဇမဟုတ်။ သူရဇ္ဇရဲ့  ညာလက်ရုံး နန္ဒ။

"ဘာကိစ္စရှိလို့လဲမသိဘူးဗျ"

"ကျွန်ုပ်ကို တပ်မှူးလွှတ်လိုက်တာပါ"

"ဟိုလူ...အာ...တပ်မှူးက?? ဘာလို့လဲ ကျွန်တော် ဘာမှမလုပ်ထားဘူးနော်"

"အဲ့လိုမဟုတ်ပါဘူး တပ်မှူးက ဘိုးဘိုးကြီးအမိန့်နဲ့ အခြားနယ်ကို ခရီးထွက်သွားတာမို့ အသင်တစ်ယောက်တည်း ပျင်းနေမှာစိုးလို့ အသင့်ကိုအဖော်ပြုပေးရအောင် ကျွန်ုပ်ကိုလွှတ်လိုက်တာပါ"

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now