Part-12

5.6K 440 27
                                    

[Unicode]
မနက်မိုးသောက်အလင်းရောက်တာနဲ့ သူရဇ္ဇကလည်း ရတနာနန်းဆောင်သို့ ရောက်နေပြီဖြစ်သည်။

နန်းဆောင်ထဲ‌ခြေချပြီးလို့ ထိုင်တောင်မထိုင်ရသေး...

"တပ်မှူး တပ်မှူး...ကိုယ်ရံတော်နန်းဆောင်မှာ ဦးရီးတော်ရောက်နေကြောင်းပါ"

"ကောင်းပြီ...ကျွန်ုပ်အခုချက်ချင်းပြန်လာခဲ့မယ်လို့ လျှောက်တင်ထားချည်"

"အမိန့်တော်မြတ်အတိုင်းပါ တပ်မှူး"

ရဲမက်လေးပြန်ထွက်သွားတော့ သူရဇ္ဇမျက်နှာမှာ လည်း ပြိုတော့မယ့်မိုးပမာ မည်းလို့မှောင်လို့။
သူ့မှာချစ်ရသူလေးရဲ့မျက်နှာကိုမြင်ရရုံလေးရှိသေး။

"ယနေ့တော့ ကိုယ်ရှင်းငယ်နဲ့အတူ အချိန်ဖြုန်းပေး လို့မရတော့ဘူးနဲ့တူပါရဲ့"

"ရပါတယ်ဗျာ ဒီမှာလင်းသန့်လည်းရှိနေတာပဲ"

"အဆင်ပြေပါ့မလား ရှင်းငယ်ရယ်၊ ယနေ့တစ်ရက်တော့ အပြင်မထွက်ပါနဲ့လား ရှင်းငယ်ကို ကိုယ်စိတ်မချဘူး နန်းဆောင်တွေကြား လမ်းပျောက်နေမှာစိုးတယ်"

"ဖြူလုံးလေးရှိနေတာပဲ ဒီကောင်က နန်းတော်တစ်ခုလုံးနှံ့အောင်လျှောက်သွားနေတာ"

သူရဇ္ဇ သက်ပြင်းချလိုက်မိသည်။ ဒီကောင်လေးရဲ့ ဆန္ဒကို သူလည်းမပိတ်ပင်လိုပေ။ အပြင်မထွက်ရဘူးဟု ပြောခဲ့ရင်လည်း ကောင်လေး စိတ်မကောင်းဖြစ်မှာစိုးမိသည်။

"ဒါဖြင့်လည်း ကိုယ်စိတ်ချပါရစေ"

"အင်းပါ...အခုမြန်မြန်ပြန်တော့လေ ဦးရီးတော် စောင့်နေရတာ ကြာသွားရင်မကောင်းဘူး"

"ချစ်တယ် ရှင်းငယ်"

"ကျွန်တော်လည်း ချစ်ပါ့ဗျာ"

မသွားချင် သွားချင်နှင့် ထွက်သွားသည့်သူရဇ္ဇကို ကြည့်ကာ ပြုံးလိုက်မိသည်။ သူတို့ချစ်သူဖြစ်တဲ့နေ့ ကစပြီး အခုချိန်ထိ ချစ်တယ် ဆိုတာကို ပါးစပ်ကမချ။ နှုတ်ကလည်းတဖွဖွပြောနေသလို အပြုအမူတွေကတစ်ဆင့်လည်း ဖော်ပြတတ်သေး သည်။ အသေးစိတ်ကအစ ဂရုစိုက်ပေးပြီး
အမြဲအရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ပေးတတ် တဲ့ ဒီလူကြီးကို သူ့မှာအချစ်ပိုရပါ၏။

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now