Part-44

4.4K 398 20
                                    

[Unicode]
အကျွတ်အလွတ်ပွဲနေ့၏ မနက်ခင်းတွင် တိမ်ယံရှင်းဆီသို့ သူရိယ၊ နန္ဒနှင့် ရူပါတို့ အူယားဖားယားရောက်ချလာကြသည်။

"နောင်တော်... ဒီနန်းတော်ကြီးထဲက ဝိညာဥ်တွေကို လွတ်မြောက်ခွင့်ပေးတော့မယ်ဆို"

"အေး ဟုတ်တယ်လေ ဒီညပဲ"

"ညီတော် ဒီမှာပဲနေပါရစေ၊ ညီတော်က ပြန်လည်မွေးဖွားရမှာထက် ဒီနန်းတော်ကြီးကို ပိုခင်တွယ်ပါတယ်"

တိမ်ယံရှင်းက မျက်ခုံးများပင့်ကာ နန္ဒနှင့်ရူပါအား ကြည့်လိုက်ရင်း။

"နောက်ကနှစ်ယောက်လည်း တူတူပဲလား"

"မှန်လှပါအရှင်၊ နန်းတွင်းသူ နန်းတွင်းသား အားလုံး ကျွတ်လွတ်သွားကြရင် အရှင့်ကို အလုပ်အကျွေးပြုမယ့်သူ မရှိတော့မှာစိုးတာကြောင့်ပါ"

တိမ်ယံရှင်းကတော့ ‌လက်မခံနိုင်စရာအကြောင်းမရှိ။  အကုန်ထွက်သွားလို့ သူတစ်ယောက်တည်း ကျန်ခဲ့လျှင်လည်း ပျင်းစရာကောင်းလှသည်။

"ကောင်းပြီလေ မင်းတို့သုံးယောက် မသွားချင်လည်း မသွားနဲ့ပေါ့"

အခုဆိုရင် တိမ်ယံရှင်းနှင့်အတူကျန်ခဲ့မည့်သူက မောင်ရိုးတို့အဖွဲ့နှင့်ဆိုလျှင် ကိုးယောက်ရှိပြီဖြစ်၏။ အခြားသူတွေ ဘယ်လိုပဲနေနေ သူရဇ္ဇလွတ်လပ်သွားတာကိုတော့ မြင်ချင်သည်။

မြောက်ဘက်တံတိုင်းဆီထွက်ခဲ့တော့ ဒေ့ဗ်က အေးအေးလူလူပင်ထိုင်လို့။

"ဘိုး..."

"ဟေ အေး"

"ဒီညကျွတ်လွတ်ရတော့မယ်ဆိုတော့ ဘယ်လိုခံစားရလဲ"

"ပျော်တာပေါ့ကွာ၊ ဒါပေမယ့်တစ်ဖက်ကလည်း စိတ်မကောင်းတော့ဖြစ်မိတယ်၊ ငါတော့ မင်းကိုလွမ်းနေရတော့မှာပဲ ရှင်းရှင်းရာ"

"လျှောက်ပြောမနေစမ်းပါနဲ့ဗျာ၊ ဘဝအသစ်စရင် ကျွန်တော့်ကိုတောင် မှတ်မိချင်မှ မှတ်မိတော့မှာ"

"ဟားဟား...ဒါနဲ့ တပ်မှူးလည်း မပါပါလား"

"မနက်အစောကြီးတည်းက စေတီတော်မှာ တရားသွားထိုင်နေတယ်၊ ထွက်သွားရတော့မှာဆိုတော့ နန်းတော်ကြီးကို နှုတ်ဆက်သွားချင်လို့ပါတဲ့လေ"

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now