Part-36

4.5K 389 12
                                    

[Unicode]
ပုံရိပ်တို့က တစ်ခုပြီးတစ်ခုကူးပြောင်းနေလေ၏။ လူအများကလည်း ထိုပုံရိပ်များအား စိတ်ဝင်တစားဖြင့် ရင်တထိတ်ထိတ်ကြည့်နေ၏။

အဆက်အစပ်မရှိသော ပုံရိပ်များဖြစ်သော်ငြား ဤမျှလောက်နှင့်ပင် သူတို့နှစ်ဦးကြားက ပဋိပက္ခများကို လူအများနားလည်နိုင်ကြသည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးမ ကိုအရှင့်ရဲ့ နန်းလျာကိုယ်ဝန်လွယ်ခွင့်ပြုတော်မူပါ"

"မိဖုရားခေါင်ကြီး...ဘာကြောင့်များ ဒီနန်းလျာကိစ္စကို ပြဿနာတစ်ခုလို အမြဲနားပူနားဆာလုပ်နေရပါသလဲ၊ ဒီထီးနန်းရဲ့ နန်းလျာဟာ ကိုယ်တော့်ရဲ့ညီတော်သူရိယ ပါလို့ အသင့်ကို ကိုယ်တော်ပြောပေါင်းလည်း များနေပါပြီ"

"အရှင်... ပြန်သုံးသပ်တော်မူပါဦး"

ဇေယျက မျက်ခုံးများကိုတွန့်ချိုးကာ ‌ရှင်ယမင်းဖြူကိုကြည့်ရင်း။

"ကောင်းပြီ၊ တစ်နေ့နေ့ တစ်ချိန်ချိန်ကျ မိဖုရားခေါင်ကြီးကို ကိုယ်တော်ရဲ့ နန်းသွေးကိုယ်ဝန်လွယ်ရစေမယ်"

ရှင်ယမင်းဖြူကတော့ ဟန်ပင်မဆောင်နိုင်အောင် ဝမ်းသာလို့နေ၏။

"တစ်ခုတော့ရှိတယ်"

"ဘာများပါလဲ အရှင်"

"အသင်မွေးလာတဲ့ နန်းသွေးဟာ သားယောကျ်ားလေး ဖြစ်ဖို့လိုတယ်၊ အဲ့လိုမှမဟုတ်ဘဲ မိန်းကလေးဖြစ်နေခဲ့မယ်ဆိုရင်တော့ မိခင်ကိုရော ရင်သွေးကိုပါ ကိုယ်တော့်လက်နဲ့ သုတ်သင်ပစ်ရလိမ့်မယ်"

"အ အရှင်...ဘာလို့များ"

"နန်းသွေးလွယ်စေတဲ့ကိစ္စမှာ ကိုယ်တော့်ဆန္ဒ တစိုးတစိမျှမပါဝင်ဘူး၊ အသင်တောင်းဆိုလို့သာ ဖြည့်ဆည်းပေးရုံပဲ၊ အသင့်အနေနဲ့ ကိုယ်တော့်အတွက် နန်းလျာ သားယောကျ်ားလေးမွေးမပေးနိုင်ရင် ကိုယ်တော့်အတွက် နစ်နာကြေးကို ကိုယ်တော်ပြန်ယူတဲ့သဘောပဲ"

ရှင်ယမင်းဖြူကတော့ မယုံနိုင်စွာဖြင့် အံ့သြမှင်သက်လျက်။ မွေးလာတဲ့ကလေးကိုရော သူ့ကိုပါ သတ်မယ်လို့ ပြောနိုင်တဲ့အထိကို ဇေယျက သူ့အပေါ်သံယောဇဥ်မရှိတာပဲ။

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now