Part-49(End)

8.6K 465 26
                                    

[Unicode]
ရက်လများစွာဖြတ်သန်းလို့ နှစ်ပေါင်းများစွာလည်း ကြာမြင့်ခဲ့လေပြီ။ တိမ်ယံရှင်းက ပင်မနန်းဆောင်ကြီး၏ အပေါ်ထပ်ပြတင်းပေါက်တွင်ရပ်ကာ အပြင်ဘက်ကို ငေးကြည့်နေ၏။

တစ်ခုခုကို အာရုံစိုက်တွေးတောနေပုံပေါ်သည့် တိမ်ယံရှင်းက ‌ဘေးမှာသူရဇ္ဇလာရပ်တာကိုပင်မသိ။

"ဘာတွေတွေးနေတာလဲ"

တိမ်ယံရှင်းက ဘာမှပြန်မဖြေဘဲ သူရဇ္ဇ၏ဘယ်ဘက် လက်သန်းကြွယ်မှ လက်စွပ်ကိုကြည့်ကာ။

"ကျွန်တော်တို့ ဒီလိုနေခဲ့တာ ဘယ်လောက်တောင်ကြာသွားပြီလဲ"

အခြေအမြစ်မရှိသည့် ကောင်လေး၏ စကားကြောင့် သူရဇ္ဇမှာ ဘာပြန်ပြောလို့ပြောရမှန်းမသိ။ ဒီကောင်လေး ဘာစိတ်ကူးပေါက်ပြီး ဒီလိုတွေ ပြောနေတယ် ဆိုတာလည်း သူမသိ။

တိမ်ယံရှင်းက သူရဇ္ဇ၏မျက်လုံးများထဲသို့ စူးစိုက်ကြည့်ကာ။

"လက်ထပ်ရအောင်"

ရုတ်တရက်ကြီး မထင်မှတ်ထားတဲ့ စကားမျိုးကြားလိုက်ရတော့ သူရဇ္ဇမှာအံ့သြလွန်းလို့။

"ဘာလဲ ခင်ဗျားရုပ်ကြီးက၊ ဒီလောက်နှစ်တွေအကြာကြီး တွဲခဲ့ပြီးမှ လက်မထပ်ချင်ဘူးလား"

"အဲ့လိုမဟုတ်ပါဘူး၊ ရုတ်တရက်ဆိုတော့ အံ့သြသွားလို့ပါ၊ ကိုယ်က ရှင်းငယ်လေးနဲ့ အရမ်း အရမ်းကို လက်ထပ်ချင်ပါတယ်"

"လက်မထပ်ချင်လို့လည်းမရပါဘူး၊ ခင်ဗျားကို ကျွန်တော့်မိဖုရား မဟုတ်သေးပါဘူး ဖဖုရား ဟာဗျာ မသိတော့ဘူး ခင်ဗျားကျွန်တော့်ကို ယူကိုယူရမယ် ဒါပဲ"

ကောင်လေးက ပြောချင်တာပြောပြီး ရှေ့ကအရင်ထွက်သွားလိုက်သည်။

"ရှင်းငယ်...ဘယ်သွားမလို့လဲ"

"လက်ထပ်ပွဲအတွက်သွားစီစဥ်မလို့"

ကောင်လေး၏အဖြေကြောင့် သူရဇ္ဇပြုံးမိလိုက်သည်။ နောက်ဆုံးတော့ ချစ်ရသူနဲ့ တစ်အိုးတစ်အိမ်ထူထောင်ဖို့ စိတ်ကူးအိပ်မက်များက တကယ်ကို လက်တွေ့ဖြစ်လာခဲ့လေပြီ။

"ခဏလေး ကိုယ်လည်းလိုက်မယ်"

ချက်ချင်းလက်ငင်းကြီး မင်္ဂလာကိစ္စစီစဥ်မယ်လုပ်တော့ သူရိယမှာ သောက်လက်စရေပင် တဟွတ်ဟွတ်သီးနေရှာ၏။
အစ်ကိုဖြစ်သူက တကယ်ချစ်မြတ်နိုးရသည့်သူနှင့် လက်ထပ်တော့မည်ဟူသည့် အသိကြောင့် သူ့မှာဝမ်းသာလွန်းလို့။

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now