Part-19

5.4K 441 48
                                    

[Unicode]
(ဒီအပိုင်း တစ်ရှူးတော့လိုမယ် ချစ်တို့ရေ
မျက်ရည်တွေ ဘာတွေထွက်မှာ စိုးလို့ဗာ)

စေတီမှအပြန်သိပ်ဝေးဝေးပင်မရောက်သေး လမ်းမှာ မဒီနှင့်နဒီ ညီအစ်မနှင့်သွားဆုံသည်။

"ဘယ်သူများလဲမှတ်တယ် ကိုယ်ရံတော်တပ်မှူးကြီးနဲ့ တပ်မှူးကြီးရဲ့ အိပ်ရာအဖော်လေးကိုး အဟင်း..."

"စကားပြောဆင်ခြင်ပေးပါ  ကိုယ်လုပ်တော်နဒီ၊ ကျွန်ုပ်ရဲ့ အသည်းအသက်လေးကို ကျွန်ုပ်အိပ်ရာပေါ်တင်ဖို့ တစ်ခါမှမကြံစည်ခဲ့ဖူးပါဘူး"

မဒီနှင့်နဒီက တစ်ယောက်မျက်နှာတစ်ယောက်ကြည့် ကာ ဟက်ဟက်ပက်ပက်ရယ်မောလိုက်၏။

"အိုး....ကိုယ်ရံတော်တပ်မှူးကြီးနှယ် ရိုးအ လိုက်ရန်ကော၊ အသားမစားတဲ့ကျား ဘယ်မှာရှိလို့လဲရှင်၊ အခုမစားလည်း နောင်စားရမှာပဲမဟုတ်လား၊ ဆတ်ဆတ်ထိမခံဖြစ်ပျက်ပြမနေစမ်းပါနဲ့"

"ဆတ်ဆတ်မထိမခံဆို ကျွန်ုပ်က ကျွန်ုပ်ရဲ့ အသည်းအသက်လေးကို အသက်တမျှတန်ဖိုးထားရ ပါတယ်၊ ဒါ့ကြောင့်မို့ မဟုတ်မမှန်စွပ်စွဲတာမျိုး ကျွန်ုပ်လက်မခံနိုင်ပါဘူး"

မဒီက တောက်တချက်ခေါက်လိုက်သည်။

"တောက် အသင်ကအတော်ရဲတင်းနေပါ့လား၊ ဘယ်တုန်းကများ ကျွန်ုပ်တို့ကိုအခုလို ခံပြောခဲ့ဖူးလို့လဲ ရာရာစစကျွန်ပါးဝနေတာ"

သူရဇ္ဇကို ကျွန်လို့ထပ်ပြီးစော်ကားလာတော့ တိမ်ယံရှင်း သည်းမခံနိုင်တော့။ သူရဇ္ဇရဲ့ ရင်ဘတ်ကို ဆောင့်တွန်းကာ နောက်သို့ပို့လိုက်ပြီး သူရဇ္ဇရဲ့ ရှေ့တွင်ဝင်ရပ်လိုက်သည်။ သူရဇ္ဇက သီလယူထား သူမို့ သူတို့နှင့်ပြိုင်ပြောနေလျှင် သီလပျက်မှာစိုးရသည်။

"ခင်ဗျား ဘာစောက်စကားထပ်ပြောလိုက်ပြန်တာ လဲ"

"အသင်ကြားတဲ့ အတိုင်းပဲလေ"

"ဘာကျွန်လဲ ဘယ်နေရာကိုကြည့်ပြီး ကျွန်လို့ပြော တာလဲ အရှင်ကြီးသာမကယ်ထားရင် ခင်ဗျားတို့ညီအစ်မ ပြည့်တန်ဆာအိမ်မှာ ပန်းကန်ဆေးခွေးမောင်းဘဝကနေကို ကျွတ်မှာမဟုတ်ဘူး၊ ပြည့်တန်ဆာဖြစ်ဖို့ အရည်အချင်းမပြည့်မီလို့ မီးဖိုချောင်ထဲကမထွက်နိုင်တဲ့ဟာတွေကများ ရာ‌ရာစစဘဝမေ့လို့"

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now