[Unicode]
အချိန်ကား ညသန်းခေါင်ခန့်။
တိမ်ယံရှင်း မျက်လုံးများကိုဖွင့်ကာ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်သည်။ အခုချိန်ထိ သူ့မှာနေလို့ထိုင်လို့ မကောင်းသေး။ ဘာတွေဖြစ်ခဲ့မှန်းလဲ မမှတ်မိ။"ကျစ်...ငါဘယ်ရောက်နေတာလဲကွာ"
အလိုမကျစွာ ခပ်တိုးတိုးရေရွတ်နေစဥ် တိမ်တိုက်က သူ့ပေါ်ခုန်တက်လာ၏။
"တိမ်တိုက်...ဟမ်...တိမ်တိုက်...-ီးတဲ့မှ ငါဘယ်လိုပြန်ရောက်နေတာလဲဟ"
ဒီနေရာကနေ ထွက်သွားမှဖြစ်မည်။ ဒီနေ့မှ ပူပူနွေးနွေးကြီး လမ်းခွဲထားတဲ့ လူရဲ့အိမ်မှာ လာအိပ်နေတာ ဖြစ်သင့်ရဲ့လား။
အပြင်ထွက်ရန်ပြင်လိုက်ပေမယ့် ခေါင်းထဲကမူးနောက်နေတော့ ခြေမခိုင်ဘဲ လဲကျသွားရသည်။ ကြမ်းပြင်နှင့်မျက်နှာ မိတ်ဆက်ရပြီထင်နေတုန်း သန်မာသည့်လက်တစ်စုံက သူ့ကိုဆီးပွေ့လို့ထား၏။
"ဘယ်သွားမလို့လဲ"
"ငါ့ဟာငါ ဘယ်သွားသွားပေါ့ မင်းနဲ့ဘာဆိုင်လဲ လွှတ်"
ဒီကောင်လေး အမူးလည်းပြေရော သူ့ကိုဆန့်ကျင်ချင်လာပြီ။ ခုနက တောက်တဲ့တစ်ကောင်လို အတင်းကပ်တွယ်ထားတာ သူမဟုတ်သလို။
"မလွှတ်ဘူး လမ်းတောင်ကောင်းကောင်း လျှောက်နိုင်သေးတာမဟုတ်ဘဲနဲ့"
"အဲ့ဒါမင်းသောက်ကြောင်းလား ငါတို့ကပြတ်ပြီးပြီပဲ"
"ဟုတ်သား ကျွန်ုပ်တို့က လမ်းခွဲပြီးကြပြီပဲ"
သူရဇ္ဇက စသလိုနောက်သလိုနဲ့ ကောင်လေးနဲ့ သံယောင်လိုက်ကာ ကောင်လေးဆန္ဒအတိုင်း လွှတ်ပေးလိုက်၏။
တိမ်ယံရှင်းက သူရဇ္ဇအား စူးစူးဝါးဝါးတစ်ချက်ကြည့်ကာ တံခါးကိုဆွဲဖွင့်လိုက်သည်။အပြင်ဘက်မှာ ပိန်းပိတ်အောင်မှောင်မိုက်နေပြီး အလင်းရောင်တစ်စမျှပင်မရှိ။
လေထုထဲကပျံ့လွင့်လာသည့် ခပ်စူးစူးခွေးအူသံကြီး ကြောင့် ကျောရိုးထဲပင်စိမ့်ကနဲ။မဟုတ်သေးဘူးလေ မင်းဘာကိုကြောက်နေတာလဲ မင်းကအခုသေပြီးနေပြီလေ အပြင်ထွက်သွားလို့လည်း သူလိုကိုယ်လိုကောင်တွေနဲ့ပဲတွေ့မှာပေါ့ မင်းရဲ့မာနကိုအထိပါးမခံနဲ့
YOU ARE READING
ကိုယ့်ရဲ့အရှင်-My Lord[Completed]
SpiritualMyanmar×BL (Unicode+Zawgyi) Owncreation Total: 49 parts This story is just my imagination. [Unicode] ရှေးခေတ်ကဝိညာဥ်တို့နေထိုင်ရာကို အလည်တစ်ခေါက်သွားကြတာပေါ့။ [Zawgyi] ရှေးခေတ်ကဝိညာဉ်တို့နေထိုင်ရာကို အလည်တစ်ခေါက်သွားကြတာပေါ့။