Part-21

5.5K 433 34
                                    

[Unicode]
သူတို့လေးယောက်ဥယျာဥ်တော်ထဲမှအထွက်  ဥယျာဥ်တော်တွင်းဝင်လာသည့် မဒီတို့ညီအစ်မနှင့် သွားဆုံပြန်သည်။

ကျစ်...ဒီမိန်းမတွေနဲ့ ရေစက်ကမကုန်နိုင်သေးဘူး လားကွာ ဘယ်သွားသွားတွေ့နေတော့တာပဲ

"အိုး...တပ်မှူးကြီးတို့ပါလား၊ အဟင်း ရေစက်ကလည်းနော် မကြာခဏဆိုသလိုကို ဆုံနေတော့တာပါပဲ"

"ဟုတ်ပါရဲ့ အစ်မတော်ရယ်၊ ဒီမျက်နှာတွေကို မတွေ့မမြင်ချင်ပါဘူးဆိုမှ...ဟွန်း...ကျက်သရေကိုတုံးပါတယ်ရှင်"

သူရဇ္ဇရဲ့အနောက်မှာရပ်နေတဲ့မင်းဒင်က ထိုညီအစ်မ၏ စကားကြောင့်မျက်နှာပျက်သွား၏။
အနောက်ဆောင်ကမိဖုရားနှင့်ကိုယ်လုပ်တော် တော်တော်များများက သူရဇ္ဇကိုမျက်မုန်းကျိုးကြ ပေမယ့် အနည်းဆုံးတော့ မပတ်သက်မိအောင် ကင်းကင်းရှင်းရှင်းနေသည်။

သူရဇ္ဇကြောင့် အရှင်ကြီးက သူတို့ကိုလက်ဖျားနဲ့တောင်မထိခဲ့တဲ့ကိစ္စကလွဲပြီး အခြားရန်ငြှိုးလည်းမရှိတာကြောင့် သူရဇ္ဇကိုတွေ့ရင်တောင် ရန်စကားဆိုမနေ။
ဒီညီအစ်မကတော့မတူ။ တွေ့တာနဲ့ ဘယ်လိုနှိမ်ရမလဲ အနိုင်ယူရမလဲပဲ တွေးနေတတ်၏။
အခုဆို သူရဇ္ဇရဲ့ချစ်သူကောင်လေးကိုပင် စော်ကားမော်ကားပြောတတ်လာသည်။

"ဒါပေါ့ဗျာ ကျွန်တော်တို့လည်း ခင်ဗျားတို့လို ဆေးဆိုးပန်းရိုက်မျက်နှာကြီးတွေကိုနေရာတကာ ဘယ်တွေ့ချင်ပါ့မလဲဗျ"

တိမ်ယံရှင်းက အပြုံးချိုချိုလေးဖြင့် ပြန်နှုတ်ဆက်လိုက်၏။

"အဟင်း...အသင်ကတော့လေ အမြဲလိုလိုကို မောက်မာရိုင်းစိုင်းနေတော့တာပါပဲ"

"ရိုင်းဆို ကျွန်တော့်ချစ်သူမျက်နှာတစ်ကမ္ဘာကိုးဗျ
ကျွန်တော့်ချစ်သူကလွဲပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တာပါဗျာ ခင်ဗျားတို့ကိုဆို ပိုတောင်ဂရုမစိုက်သေး"

ညီအစ်မနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဒေါသငယ်ထိပ်တက်ဆောင့် ကုန်ကြ၏။

"အသင့်ကိုယ် အသင်ဘာများအောက်မေ့နေသလဲ"

"သျှင်နောင့် ကောင်လေး"

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now