Part-38

4.5K 406 14
                                    

[Unicode]
သူရဇ္ဇ၏ အစိတ်အပိုင်းများအား နန်းတော်အရပ်လေးမျက်နှာတွင် မြှုပ်နှံပြီးချိန်တွင် ဇေယျမှာ ထိုင်နေရာမှ ဆတ်ကနဲထကာ ထွက်သွားတော့သည်။ ရှင်ယမင်းဖြူကလည်း ဇေယျနောက်မှ အပြေးလိုက်ခဲ့ရ၏။

"အရှင်"

"လိုက်မလာနဲ့"

ဇေယျက ထိုတစ်ခွန်းသာပြောပြီး ရှေ့ကနေ ခြေလှမ်းကျဲကြီးများဖြင့် သွားနေ၏။ ရှင်ယမင်းဖြူကလည်း ဇေယျစကားကိုနားမဝင်။

"လိုက်မလာနဲ့လို့ပြောနေတယ် မဟုတ်လား"

ဇေယျက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဘေးကနံရံကိုလက်သီးဖြင့်ထိုးလိုက်သည်။ နံရံတွင် အက်ကြောင်းခပ်ရေးရေးလေး ထင်သွားပြီး ဇေယျ၏လက်သည်လည်း သွေးချင်းချင်းနီလို့နေ၏။

သူရဇ္ဇသေတာကိုမြင်ရရင် ဇေယျလည်း ပြိုလဲသွားပြီး သူကြိုးဆွဲရာကတော့မည့် အရုပ်တစ်ရုပ်နှယ် ထင်မိခဲ့သည်။ သို့သော် ရှင်ယမင်းဖြူ အတွေးမှားသွားခဲ့သည်။ ဘယ်ကိစ္စမဆို အေးအေးဆေးဆေးဖြေရှင်း တတ်သည့်ဇေယျမှာ ခက်ထန်ကြမ်းတမ်းလာပြီး ဘယ်သူ့ကိုမှ အနားကပ်မခံတော့ပေ။

ရှင်ယမင်းဖြူ အပြင်မှာရပ်နေတုန်း ဇေယျ၏ အိပ်ဆောင်အတွင်းမှ ကြွေထည်ပစ္စည်းများ ကျကွဲသည့်အသံကိုကြားလိုက်ရသည်။
အိပ်ဆောင်၏အပြင်ဘက်တွင် မိဖုရားနှင့်ကိုယ်လုပ်တော်တို့မှာလည်း ငိုယိုလျက်။

"အရှင်မင်းကြီး...စိတ်ထိန်းတော်မူပါဦး"

"ထွက်သွားကြ... တစ်ယောက်မှမလာခဲ့နဲ့"

အလွန်အမင်းဒေါသဖြစ်နေဟန်ရသည့် ဇေယျကြောင့် ဘယ်သူမှအနားမကပ်ရဲကြ။ ခဏအကြာတွင် အိပ်ဆောင်တံခါးပွင့်လာကာ အထဲမှဇေယျထွက်လာခဲ့သည်။ လက်ထဲတွင်လည်း ဓားရှည်တစ်လက်အား မြဲမြံစွာဆုပ်ကိုင်လျက်။

အခန်းထဲတွင်လည်း ကြွေထည်အစအနများဖြင့် ပြန့်ကျဲနေကာ ခြေချစရာနေရာပင်မရှိ။ နံရံတွင်ချိတ်ဆွဲထားသည့် သူရဇ္ဇပုံပန်းချီကားမှာလည်း ဇေယျ၏လက်မှသွေးများဖြင့် စွန်းထင်းလျက်။

ငှက်ကြီးတောင်ဓားရှည်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ မျက်လုံးများနီရဲနေသည့် ဇေယျကြောင့် မိဖုရားအချို့နှင့်ကိုယ်လုပ်တော်များ လန့်ဖြန့်ကာ အနောက်ကိုဆုတ်မိလိုက်ကြသည်။
ဇေယျက မိဖုရားများနှင့်ကိုယ်လုပ်တော်များအား တစ်ချက်ကြည့်ကာ ရှင်ယမင်းဖြူဆီသို့ ဦးတည်လိုက်သည်။

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now