Part-24

5.1K 437 29
                                    

[Unicode]
"ဟျောင့်...နေရောင်လင်း"

"အဖေနာမည်မခေါ်ပါနဲ့ဆိုမှ မြင့်မောင်သား"

"ဟားဟား...."

သူရဇ္ဇတို့အားလုံး အလုပ်ရှုပ်နေကြတော့ သူတို့နှစ်ယောက် လွတ်လပ်ရေးရနေကြ၏။
အခုလည်း လမ်းမကြီးပေါ် ခြေရာချင်းထပ်အောင် ဟိုလျှောက်သွား ဒီလျှောက်သွားလုပ်နေကြခြင်း။

တိမ်ယံရှင်းကတော့ သူရဇ္ဇဆီက ရှယ်အကောခံ ထားရသည်။ အကြောင်းကတော့ သူ့စာအုပ်ထဲက စာရွက်တွေ ဖြဲလို့တဲ့လေ။

ကောင်းကောင်းအဆူမခံဘဲ ပြောင်ချော်ချော်သွားလုပ်နေတော့ ဟိုကလိုက်ကန်လို့ ထပြေးရသေး၏။
နောက်ဆုံးတော့လည်း ချော့ရတာက သူရဇ္ဇပါပဲ။

"ကိုကြီး..."

"ဟာ ငါ့ညီ...မတွေ့တာကြာလို့နဲ့တူတယ် တော်တော်ရုပ်ဆိုးလာတယ်"

"မင်းကလည်းကွာ ကလေးကို"

ဖြူလုံးလေးက သူ့ရဲ့နှာခေါင်းလေးကို ရှုံ့လိုက်သည်။
ဒီအစ်ကိုကြီးက တွေ့တာနဲ့ ဖဲ့မယ်ဆိုတာချည်းပဲ။

"ကိုကြီးရှင်းရှင်း ကိုမချစ်တော့ဘူး ကိုကြီးလင်းသန့်ကိုပဲ ချစ်တော့မှာ"

"မင်းမချစ်လည်းအေးဆေးဟျောင့် ငါ့အမျိုးသားက ရှယ်ချစ်တာ"

"မင်းကလေးရှေ့မှာ ပေါက်ကရမပြောစမ်းနဲ့"

"ပြောမှာပဲ ပြောမှာပဲ ငါ့ကိုလာမတားနဲ့"

"ငါပါးပိတ်ရိုက်လိုက်ရ"

"အံမယ် မြင့်မောင်သားက"

"နေရောင်လင်း"

"အေး  မြင့်မောင်"

"ဒီမအေ...."

"အဟစ်ဟစ်"

သူများကို မခံချင်အောင် စရမယ်ဆိုရင် တိမ်ယံရှင်းကိုယှဥ်နိုင်တဲ့လူမရှိ။ သူရဇ္ဇလို သည်းခံနိုင်စွမ်းမြင့်တဲ့လူကိုတောင်မှ တစ်ခါတစ်ရံစိတ်ဆိုး အောင်လုပ်နိုင်သည်။

မောင်ရိုးတို့အဖွဲ့တာဝန်ကျနေသည့်နေရာသို့ သုံးယောက်သားချီတက်ခဲ့ကြသည်။
မောင်ရိုးတို့အဖွဲ့ က ပင်မနန်းဆောင်တံခါးရှေ့တွင် အစောင့်တာဝန်ကျနေခြင်းပင်။
ထိုနေရာမှကြည့်လျှင် နန်းတော်ရင်ပြင်ကို ရှင်းရှင်းလင်းလင်းမြင်ရသည်။

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now