Part-7

5.9K 475 19
                                    

[Unicode]
သူရဇ္ဇက တိမ်ယံရှင်းကို ‌ကိုယ်တိုင်လာခေါ်ကာ မယ်တော်ကြီး၏ နန်းဆောင်ကိုပို့ပေးသည်။ တခြားလူတွေနဲ့ ‌ပို့ခိုင်းလို့ရပေမယ့် ကောင်လေးက သူမဟုတ်တဲ့ လူတွေကို သူ့ထက်ပိုခင်မင်သွားမှာမလိုလား။

"လိမ်လိမ်မာမာနေရစ်ခဲ့၊ မွန်းတည့်ချိန်ကျ ကျွန်ုပ် လာခေါ်မယ်"

"ခင်ဗျားကိုကြည့်ရတာ မူကြိုကလေးကို ကျောင်းအတင်းချော့ပို့နေတဲ့ ကလေးအဖေကြီးနဲ့တူလာပြီ"

တိမ်ယံရှင်း၏စကားကြောင့် သူရဇ္ဇခမျာငိုရခက် ရယ်ရခက်။

ဒီကောင်လေးကတော့

"ပေါက်ကရတွေ..."

"ဟားဟား စတာပါဗျာ၊ စိတ်မပူပါနဲ့ ကျွန်တော်က လိမ္မာပြီးသား"

တိမ်ယံရှင်းက ရင်ကိုကော့ကာ ယုံကြည်မှုအပြည့် ရှိနေသည့်ဟန်ပင်။

သူရဇ္ဇပြန်သွားတော့ အနည်းငယ်သိမ်ငယ်သလို တော့ဖြစ်မိသည်။ ဒီကိုရောက်တည်းက ဘယ်သွားသွား သူရဇ္ဇနဲ့ပဲဆိုတော့ အခုလိုတစ်ယောက်တည်း ကျန်နေတဲ့အချိန်ကျ နေရခက်သည်။

"သူငယ်လေး..."

"ဗျာ ဟုတ်ကဲ့ မယ်မယ်"

မယ်တော်ကြီးက တိမ်ယံရှင်းအား မိခင်မေတ္တာပြည့်ဝနေသော မျက်လုံးများဖြင့် ကြည့်နေ၏။ 

"ဒီနန်းဆောင်ကြီးထဲ ပျော်သလိုသာနေကွဲ့၊ လိုအပ်တာရှိရင်လည်း မာလာတို့ ရူပါတို့ကိုပြောကွဲ့"

"ဗျာ ဗျာ...မယ်မယ်ကျွန်တော့်ကိုခေါ်တာ အလုပ်ခိုင်းဖို့မဟုတ်ဘူးလား"

မယ်တော်ကြီးက သိမ်မွေ့စွာရယ်လိုက်ကာ...

"မဟုတ်ရပါဘူးကွယ်"

ထိုတစ်ခွန်းသာပြောပြီး ထွက်သွားလိုက်သည်။ သူမ ရှိနေလျှင် ကောင်လေးအနေခက်မည်စိုး၍ တမင်ရှောင်ပေးခြင်းသာ။

"နန်းဆောင်ကြီးအတွင်း လှည့်ပတ်ကြည့်လိုပါသလား မောင်ငယ်"

မာလာဟူသော ခပ်သွက်သွက်မိန်းမပျိုလေးက တိမ်ယံရှင်းအားမေးလိုက်ခြင်းဖြစ်သည်။  တိမ်ယံရှင်းလည်း ဘာလုပ်ရမလဲမသိတာနဲ့ မာလာ၏ အကြံကိုလက်ခံလိုက်သည်။

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now