Part-27

4.9K 420 50
                                    

[Unicode]
လူရွေးပွဲအတွက် အပြင်းအထန်လေ့ကျင့်နေသည့် သူရဇ္ဇ။
ခဏနားသည့်အချိန်တွင် နဖူးမှချွေးများအားသုတ်ကာ အပင်ရိပ်တွင်ထိုင်ရင်း အမောဖြေနေ၏။

"နောင်ကြီး"

"အရှင့်သား"

ဒူးတစ်ဖက်ထောက်ကာ အရိုအသေပေးတော့ ဇေယျက လက်သာခါပြကာ ဘေးတွင်ဝင်ထိုင်လိုက်သည်။

"အတော်လေးလက်ရည်တက်လာတာပဲ"

သူရဇ္ဇကဘာမှပြန်မပြော။ ခေါင်းကိုသာ ငုံ့ထား၏။ ဇေယျနှင့်အတူရှိနေတဲ့အချိန်ဆို သူ့မှာရင်ခုန်ရလွန်းလို့ ဘာပြောပြော အယောင်ယောင်အမှားမှား။

"နောင်ကြီးကို ကျွန်ုပ်မေးစရာတစ်ခုရှိတယ်"

"မေးတော်မူပါ အရှင့်သား"

ဇေယျက တစ်ခုခုကို ချိန်ဆနေဟန်ဖြင့် အဝေးတစ်နေရာသို့ငေးမောကြည့်ကာ။

"လက်ရွေးစင်ကိုယ်ရံတော်ဖြစ်လိုတဲ့ အကြောင်းအရင်းက ဘာများလဲ ကျွန်ုပ်သိခွင့်ရှိမလား"

ဇေယျ၏ အမေးကြောင့် သူရဇ္ဇ ခေတ္တတော့တွေဝေသွားသည်။
အရှင့်သားမျက်နှာလေးကိုနေ့တိုင်းမြင်ခွင့်ရချင်လို့ လို့အမှန်တိုင်းဖြေလိုက်ရင် စိတ်ဆိုးလောက်မလား။

"ကျွန်တော်မျိုးရဲ့ အသက်သခင် ကျေးဇူးရှင် ဖြစ်တဲ့ အရှင့်သားကို အစဥ်အမြဲသစ္စာစောင့်သိ လိုတာကြောင့်ပါ"

"ဤမျှလောက်ပဲလား"

"မှန်လှပါ အရှင့်သား"

ဇေယျ မျက်နှာမှာ အနည်းငယ်မျှ ညှိုးငယ်သွားဟန်ရှိကာ သက်ပြင်းချသံ ခပ်သဲ့သဲ့ကြားလိုက်ရ၏။
သူဖြေတာများ မှားသွားလို့လား။

ဇေယျက သူယူလာခဲ့သည့် ယွန်းထည် ဗူးကလေးအား ဖွင့်ကာ သူရဇ္ဇကို ပေးလိုက်၏။

"အရှင့်သား ဒါက..."

"ကျွန်ုပ်ရဲ့ပထမဆုံး လက်ရာ ဒီနေ့လုပ်စရာလည်းသိပ်မရှိတော့ ပျင်းပျင်းရှိတာနဲ့ စားဖိုဆောင်ဘက်သွားပြီး အနည်းငယ်လက်တည့်စမ်းလာတာ"

သူရဇ္ဇက ‌ထိုမုန့်များအားကြည့်ကာ ယူသင့်မယူသင့် စဥ်းစားနေ၏။

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now