Part-47

4.6K 394 17
                                    

[Unicode]
ထိုသူ၏လက်ကိုဆွဲထားလျက်နှင့်ပင် ကျန်လက်တစ်ဖက်က ခေါင်းပေါ်မှ အနက်ရောင်ဝတ်ရုံအား ဆွဲချလိုက်သည်။

တိမ်ယံရှင်းကိုယ်တိုင် အံ့သြသွားရသလို ထမင်းဝိုင်းမှလူများလည်း ငြိမ်သက်သွားကြ၏။ ရူပါလက်ထဲမှ ကြေးလင်ဗန်းလွတ်ကျသည့် ဂလုံး ဂလွမ်း အသံက တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်တွင် ဆူညံသွားသည်။

"ခင်ဗျား..."

အနက်ရောင်ဝတ်ရုံကိုဖယ်လိုက်တော့ မြင်လိုက်ရသည်က တစ်သက်မေ့မရသည့် မျက်နှာ။
သူအမြဲသတိရလွမ်းဆွတ်နေခဲ့ရသည့် သူရဇ္ဇ ပါလေ။

"ပြဿနာရှိလို့လား"

အံ့သြမှင်သက်နေသည့် တိမ်ယံရှင်းကို သူရဇ္ဇဟု ယူဆရသည့်သူက မေးလိုက်သည်။
တိမ်ယံရှင်း စိတ်တွေ ရှုပ်ထွေးလို့နေ၏။ သူရဇ္ဇက သံသရာစက်ဝန်းထဲ လည်ပတ်နေပြီလေ ဒါကဘယ်သူလဲ။ သူရဇ္ဇနဲ့ ရုပ်ချင်းဆင်တာလို့ ပြောရအောင်ကလည်း သူ့လက်မှာဝတ်ထားတဲ့ စေ့စပ်လက်စွပ်က သက်သေပဲ။

"ခင်ဗျားဘယ်သူလဲ"

"မသိဘူးလို့ နေ့လယ်ကပဲ ပြောခဲ့ပြီးသား မဟုတ်လား"

ထိုသူက ခပ်အေးအေးပင် ပြန်ဖြေ၏။ ထိုသူက သူ့ကိုယ်သူလည်း မသိသလို တိမ်ယံရှင်းကိုလည်း သိသည့်ပုံမပေါ်။
သူရဇ္ဇသာဆိုရင် သူ့ကိုမြင်တာနဲ့ ပျော်ရွှင်နေရမှာ မဟုတ်လား။

"အာ တောင်းပန်တယ်... တစ်ယောက်ယောက်နဲ့တူနေလို့"

"အင်း"

ညနေစာစားပြီးတော့ ထိုသူက ခရေပင်အောက်တွင် ထိုင်နေပြန်၏။ တရားမှတ်နေတာမဟုတ်ဘဲ တစ်ခုခုကို တွေးတောနေသည့်ပုံပင်။

တိမ်ယံရှင်းနှင့်နန္ဒက ခပ်လှမ်းလှမ်းတွင် ထိုင်ကာ ထိုသူအားအကဲခတ်နေကြ၏။

"အဲ့ဒီလူက တပ်မှူး ဆိုတာ သေချာရဲ့လား အရှင်"

"၈၀ရာခိုင်နှုန်းလောက်က သေချာတယ်"

"ဒါဆို ဘာဆက်လုပ်ကြမလဲ"

"ညမှ ဘိုးဘိုးကြီးကို ပင့်ပြီးမေးကြည့်ရမှာပဲ"
----------------------------------------------------------
မနက်မိုးလင်းတော့ တိမ်ယံရှင်းမျက်နှာက ရယ်ချင်သလိုလို ငိုချင်သလိုလိုနှင့် မချိုမချဥ်ဖြစ်လို့နေ၏။

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now