Part-16

5.3K 457 21
                                    

[Unicode]
မနက်စောစော နန်းဆောင်ပြတင်းပေါက်ကို ဖွင့်လိုက်တော့ သူရိယကပျံဝင်လာကာ သူ့ရဲ့ပုခုံးပေါ် လာနားသည်။

"ရှင်းငယ် အစောကြီးဘာတွေလုပ်မလို့လဲ"

"အာ...ဟိုဟာ...အပြင်မှာအေးတယ်လေ အဲ့ဒါ ဒီကောင်အေးခဲပြီးသေသွားမှာစိုးလို့"

သူရဇ္ဇက ပြုံးလိုက်ကာ...

"ဟုတ်ပါပြီ ကိုယ့်ရဲ့ကလေးငယ်က တကယ်ကို ကြင်နာတတ်တဲ့နှလုံးသားလေးရှိတာပဲ"

တိမ်ယံရှင်းလည်း ဘာမှပြန်ပြောမနေတော့ဘဲ အောင့်သက်သက်နှင့်သာ ပြုံးပြလိုက်ရသည်။ ဒီလိပ်ပြာက သူရိယဆိုတာ သူရဇ္ဇမှမသိပဲ။

"ညီတော်က အခုချိန်မှာ ပိုးကောင်လေးတစ်ကောင် သာဆိုပေမယ့် ဒီအအေးဒဏ်လောက်နဲ့ အေးခဲပြီးသေရလောက်တဲ့အထိ မပျော့ညံ့သေးပါဘူး နောင်တော်ရယ်"

"အေး ငါသိသားပဲ"

".........."

"နေကဘယ်အချိန်ကြတ်မှာတဲ့လဲ"

"အမတ်ကြီးပြောပုံအရဆို နံနက် ၁၀နာရီ ဝန်းကျင်လောက်ဖြစ်မယ်ထင်မိပါတယ် နောင်တော်"

"အဲ့တော့ ၁၀နာရီမထိုးခင် သူရဇ္ဇမမြင်နိုင်လောက်တဲ့ နေရာတစ်ခုရှာမှဖြစ်မယ်"

လိပ်ပြာတစ်ကောင်ကို ဘာတွေစိတ်ဝင်တစား ဖြစ်နေလဲမသိတဲ့ကောင်လေးကို ကြည့်ပြီးသူရဇ္ဇ ငေးကြည့်နေမိသည်။ သူ့ရဲ့အသည်းအသက်လေးက တကယ်ကို ကလေးလေးပဲ။

သူရိယနှင့် ခေါင်းချင်းရိုက်တိုင်ပင်နေရင်း ၁၀နာရီထိုးသွားတာကိုပင်မသိလိုက်။ နန်းတော် အတွင်း၌ နန်းတွင်းသူ နန်းတွင်းသားတို့၏ နာကျင်စွာအော်ဟစ်နေကြသည့် အသံတို့ကိုကြားမှ ပတ်ဝန်းကျင်ကို အာရုံရတော့သည်။

ပြတင်းပေါက်နား ‌အပြေးသွားကာကြည့်လိုက်တော့ အစောင့်ရဲမက်များနှင့် အစေခံအချို့သည် ဓားဒဏ်ရာများဖြင့် သွေးအိုင်ထဲလဲကာ မြေပေါ်လူးလှိမ့်အော်ဟစ်နေကြသည်။ သူတို့သေဆုံးစဥ်ကအတိုင်း အချို့က ခေါင်းပြတ်များ အချို့က မျက်နှာနှင့်လည်ပင်းများ တွင် ဓားခုတ်ရာများဖြင့် တကယ်ကို သွေးပျက်ဖွယ်ရာ မြင်ကွင်းပင်။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ နေကအပြည့်အဝကြတ်သေး သည်မဟုတ်။

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now