Part-41

4.7K 409 22
                                    

[Unicode]
ဇေယျသေဆုံးသွားသည်နှင့်တစ်ပြိုင်နက် ပုံရိပ်များလည်း ပျောက်ကွယ်သွားကာ လေပွေလည်း တဖြည်းဖြည်းငြိမ်ကျသွား၏။
သူရဇ္ဇက သူ့ရှေ့က ကောင်လေးဆီ အပြေးသွားကာ ကောင်လေးအား သိမ်းကြုံးဖက်ပစ်လိုက်သည်။

တိမ်ယံရှင်း ပုခုံးပေါ်မှ ခပ်စိုစိုအထိအတွေ့ကြောင့် ခေတ္တမျှ ကြောင်အသွားမိသည်။

ဒီလူငိုနေတာလား...

"‌အရှင်... ကိုယ့်ရဲ့အရှင်... ကျေးဇူးပါ ကိုယ့်ဆီပြန်လာပေးခဲ့လို့"

ရှေ့က မာရီယာကြောင့် ဖြစ်ပေါ်လာသည့် ဒေါသကလည်း သူရဇ္ဇ၏ အသံလေးကြားရုံနှင့် ကြက်ပျောက်ငှက်ပျောက်။

"မငိုပါနဲ့ဗျာ ခင်ဗျားငိုတာမြင်ရင် ဒီနားကနာတယ်"

တိမ်ယံရှင်းက သူရဇ္ဇ၏မျက်ရည်များအား သုတ်ပေးလိုက်ကာ သူ့ရင်ဘတ်ကိုဖိရင်း ပြုံးစစနှင့်ပြောလိုက်သည်။

"Wow သိပ်ချစ်နေကြတယ်ပေါ့"

မာရီယာဆီက ရွဲ့သလိုခနဲ့သလို စကားသံကြောင့် တိမ်ယံရှင်းက ပြုံးရင်း။

"ကြည့်တာနဲ့သိသာနေတာပဲမဟုတ်လား မေးနေစရာလိုသေးလို့လား"

မာရီယာက ဆံပင်များကို သပ်တင်လိုက်ကာ။

"ငါ့ရဲ့အသက်ဝိညာဥ်ဗူးပြန်ပေး"

"ဟိုး... မလောနဲ့လေ မေ့နေပြီလား မင်းငါ့ကိုနိုင်ရင်တော့ရမှာပေါ့"

"ဟားဟား... ရယ်စရာတွေ ပြောမနေနဲ့၊ ယူချင်သပ ဆိုလည်း ယူထား၊ နင့်လို ဝိညာဥ်ငယ်လေးက ငါ့ကိုထိခိုက်အောင် ဘာလုပ်နိုင်မှာမလို့လဲ"

တိမ်ယံရှင်းက အိတ်ကပ်ထဲက အသက်ဝိညာဥ်ဗူးအား ထုတ်ကာ လက်ဝါးထဲကိုင်လျက် ဖိညှစ်လိုက်သည်။

"အား..."

မာရီယာကလည်း ရင်ဘတ်ကိုဖိလိုက်မိသည်။

"တွေ့လား ငါဒီဟာကို ထုခြေလိုက်ရင် မင်းနှလုံးလည်း ကြေမွသွားလိမ့်မယ်၊ ငါ့လက်ထဲရောက်တည်းက ဖျက်ဆီးပစ်ရင် မင်းမနက်တည်းကသေရောပေါ့ ဒီထိတောင် ရောက်လာမှာမဟုတ်ဘူး"

"တောက်... မလောက်လေး မလောက်စား သောက်ကောင်လေးကများ၊ မရိုမသေမလုပ်နဲ့ ငါ့အသက်က 900ကျော်နေပြီဟဲ့ သိရဲ့လား"

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now