Part-33

4.5K 390 19
                                    

[Unicode]
ရှင်ယမင်းဖြူ ဟူသည့် နာမည်‌ကြောင့် လူတိုင်းက အံ့သြသွားကြသလို မာရီယာကိုယ်တိုင်လည်း မျက်လုံးများပြူးကျယ်သွားရသည်။

သူမရဲ့ဘယ်သူမှမသိတဲ့နာမည်ကို Andreyရဲ့သားက ဘာလို့သိနေရတာလဲ။

"အန်ဒရီ...မင်းလူမှားနေပြီ တို့နာမည်က မာရီယာပါ"

"မာရီယာမဟုတ်ပါဘူး ရှင်ယမင်းဖြူပါ ငါသေသေချာချာကြီးကိုမှတ်မိပါတယ်"

သူတို့ပြောနေတာကို ဘာမှနားမလည်သည့်သူများကတော့ ဘေးကနေ ငြိမ်ပြီးသာနားထောင်နေရ၏။
မငြိမ်တာကတော့ ဂျိမ်းစ်။

"‌မင်းဘာတွေလျှောက်ပြောနေတာလဲ ငါ့ရဲ့မ က မာရီယာကွ၊ ငါနဲ့စတွေ့တည်းက မာရီယာ၊ ဘယ်က ရှင်ယမင်းဖြူလဲ မင်းရူးနေလား"

တိမ်ယံရှင်းက မျက်ခုံးများကိုတွန့်ချိုးကာ ဂျိမ်းစ်ကို ကြည့်လိုက်သည်။ ဂျိမ်းစ်က လိုအပ်တာထက်ကို ပိုပြီးပိန်နေသယောင်။

ဒီစုန်းမက ဂျိမ်းစ်နားကပ်ပြီး ဂျိမ်းစ်ရဲ့ နုပျိုမှုနဲ့ ခွန်အားတွေကို စုပ်ယူပြီး သူ့အသက်ဗူးထဲထည့်ဖို့ အသုံးချနေတဲ့ ကပ်ပါးကောင်ပဲ... ဂျိမ်းစ်မတိုင်ခင် ယောကျ်ားဘယ်နှယောက်လောက်ကို ဒီလိုအသုံးချပြီးပြီလဲ ဘယ်သူမှမသိနိုင်ဘူး...

ကိုယ့်အတွေးနဲ့ကိုယ်ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေတဲ့ တိမ်ယံရှင်းကိုကြည့်ကာ မာရီယာခေါင်းထဲ အတွေးတစ်ခုဝင်လာ၏။
မနက်က သူ့ရဲ့အသက်ဝိညာဥ်ဗူးကို လုယူသွားတာ သူများဖြစ်နေမလား။

"အန်ဒရီ...မင်း တို့ဆီကလုယူသွားတဲ့ ပစ္စည်းလေးကို ပြန်ပေးပါ"

ထိုအခါမှ တိမ်ယံရှင်းက တစ်ခုခုကိုသတိရသွားဟန်ဖြင့် အိတ်ကပ်ထဲမှ တစ်စုံတစ်ခုကို ဆွဲထုတ်ကာ မာရီယာမြင်သာအောင် ထောင်ပြလိုက်သည်။

"ဒီဟာလား"

မာရီယာမျက်လုံးအိမ်များလှုပ်ရှားသွားကာ။

"တို့ကိုပြန်ပေးပါ... ဒါမင်းတို့ကလေးတွေအတွက် ဆော့စရာမဟုတ်ဘူး"

"အဟက်...ကလေး ဟုတ်လား၊ မာရီယာ မင်းငါ့ကို တကယ်မမှတ်မိဘူးလား"

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now