Part-31

4.6K 398 28
                                    

[Unicode]
ညနေဘက် နန်းရင်ပြင်တွင် ဝိညာဥ်များဖြင့်စည်ကားလျက်။ ခန့်မှန်းခြေ ဝိညာဥ်ချည်း ငါးထောင်‌ကျော်ခန့်ရှိမည်။ အချို့က နန်းတွင်းသူ နန်းတွင်းသားများ မဟုတ်ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နန်းတော်ဧရိယာတွင်းရောက်လာကြသူများ ပင်ပါဝင်ကြ၏။

ဒီနှစ်ကတော့ အတော်လေးထူးခြားသည်။ ခါတိုင်းနှစ်များနှင့်မတူ သေချာအသေးစိတ်ကို စီစဥ်ထားခြင်း။

"ဘိုး..."

"ဟေ အေး ငါ့မြစ်ကလေး မတွေ့တာတောင်ကြာပေါ့"

ဒေ့ဗ်က သူ့‌လူများနှင့် ဖဲကစားနေရင်း တိမ်ယံရှင်းကို လှမ်းနှုတ်ဆက်၏။

"ဘိုး...ပွဲတော်ထဲ ပတ်မကြည့်ဘဲ ဘာလို့ဒီမှာ ဖဲလာဆော့နေတာလဲဗျ"

"အေးဆေးပေါ့ကွာ ငါတို့မှာအချိန်တစ်ညလုံး ရှိပါတယ်ဟ"

"အာ ဟုတ်ကဲ့ ဟုတ်ကဲ့...ဒါဆိုရင် ခဏနေမှ တွေ့မယ်နော်"

"အိုကေဗျာ"

တိမ်ယံရှင်းက ဒေ့ဗ်ကိုနှုတ်ဆက်ပြီး ထိုနေရာမှ ထွက်လာခဲ့လိုက်၏။
နေဝင်ရီတရောအချိန်တွင် သေသပ်လှပစွာ ထွန်းညှိထားသည့် မီးပုံးများနှင့် မီးတိုင်များက အတော်လေးလှသည်။

ပန်းမျိုးစုံဖြင့် အလှဆင်ထားသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး မွှေးကြိုင်လို့နေ၏။ အကုန်လုံးကဝိညာဥ်တွေဖြစ်ကြတော့ လူထူထပ်တဲ့ နေရာလို အပူချိန်မများသလို အနံ့အသက်လည်းမရှိ။ အားလုံးက ပေါ့ပေါ့ပါးပါး အေးအေးလူလူပင်။

စားပွဲများပေါ်တွင် ရွှေလင်ဗန်းများဖြင့် အသေအချာခင်းကျင်းထားသည့် မုန့်မျိုးစုံကိုလည်း ကြိုက်နှစ်သက်ရာ ရွေးချယ်စားသောက်နိုင်သေး၏။
မုန့်မစားချင်ရင် ဘေးမှာ အသီးမျိုးစုံကိုရောကြိတ်ဖျော်စပ်ထားသည့် အသီးဖျော်ရည်ခွက်များလည်း ရှိပြန်သည်။

အား...တကယ်ကိုနိဗ္ဗာန်ပဲကွာ...အော်ဂဲနစ်တွေချည်းဆိုတော့ ကျန်းမာရေးနဲ့လည်းညီညွတ် အဲ မဟုတ်သေးဘူး...သေပြီးနေပြီလေ...ကျန်းမာစရာမလိုတော့ဘူး အဟစ်ဟစ်...

တိမ်ယံရှင်းလို့ အစားအသောက်မက်သည့်သူ အတွက်ကတော့ ဒီလိုအခြေအနေမျိုးက အဖိုးမဖြတ်နိုင်သည့် ရတနာသိုက်ကြီး။

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now