Part-48

4.7K 409 24
                                    

[Unicode]
တိမ်ယံရှင်းနှင့်နန္ဒက သူရဇ္ဇနှင့်မလှမ်းမကမ်းတွင် ထိုင်ကာ အကဲခတ်နေကြသည်။ သုံးလေးရက်အတွင်း နည်းမျိုးစုံနှင့် ကြိုးစားခဲ့သော်ငြား ဘာမှအရာမထင်။

"အစ်ကိုနန္ဒ၊ ကျွန်တော်တို့ ဒီလူ့ခေါင်းကို တစ်ချက်လောက်ရိုက်လိုက်ကြမလား"

"ဒါကောင်းတဲ့အကြံတော့မဟုတ်ဘူးထင်တယ်"

"ဘာလုပ်ရမယ်မှန်းလဲမသိတော့ဘူးဗျာ"

"ဒီတိုင်းထားလိုက်ရင်ရော"

နှစ်ယောက်သား တိုင်ပင်ရင်း သူရဇ္ဇကို အကဲခတ်ကြည့်တော့ သူရဇ္ဇက တိမ်တိုက်နှင့် ရင်းနှီးမှုရယူရန် ကြိုးပမ်းနေ၏။

တိမ်ယံရှင်းက ထိုင်နေရာမှထကာ သူရဇ္ဇဆီလျှောက်သွားလိုက်ပြီး သူရဇ္ဇပုခုံးကို ပုတ်လိုက်သည်။

"ဟေ့လူ..."

"အင်း"

"မင်းအတိတ်ကအကြောင်းတွေကို ဘာတစ်ခုမှ မမှတ်မိဘူးလား"

"ဘာမှစဥ်းစားလို့မရဘူး"

တိမ်ယံရှင်းက စိတ်ညစ်စွာဖြင့် မြေကြီးပေါ်မှာပင် ခြေပစ်လက်ပစ်ထိုင်ချပစ်လိုက်သည်။

"မင်းကိုကြည့်ရတာ စိတ်ညစ်နေတဲ့ပုံပဲ"

"စိတ်မညစ်ပါဘူး ငါအခုတအားပျော်နေတာ"

သူရဇ္ဇကတော့ တိမ်ယံရှင်း ရွဲ့ပြောလို့ ပြောမှန်းမသိ။

"ဟုတ်လား"

"ဟုတ်တယ်"

သူရဇ္ဇက ခေါင်းတငြိမ့်ငြိမ့်ဖြင့် တိမ်တိုက်ကိုသာ အာရုံစိုက်နေ၏။
သူတို့၏ အနောက်မှ ဖြတ်သွားသည့် ရွှေတိုးနှင့်ရွှေအိုးတို့ ညီအစ်ကိုက အချင်းချင်း စနောက်နေကြသည်။

"နောက်တစ်ခါ သစ်ရွက်ပုံလေး လိမ်း"

"အစ်ကိုကြီး မနောက်နဲ့ဗျာ"

"သနပ်ခါးလေးနဲ့ လှတယ် ဟားဟား"

ထိုညီအစ်ကို ခပ်ဝေးဝေးရောက်သွားတော့ ခေါင်းငိုက်စိုက်ကျနေသည့် တိမ်ယံရှင်း ဆတ်ကနဲ ခေါင်းထောင်လာသည်။

"သနပ်ခါး ဟုတ်တယ် သနပ်ခါး"

ဝမ်းသာအားရဖြင့် လှစ်ကနဲထပြေးသွားသည့် တိမ်ယံရှင်းကို နန္ဒရော သူရဇ္ဇပါ နားမလည်နိုင်ဖြစ်နေကြ၏။

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now