Part-43

4.8K 409 8
                                    

[Unicode]
နန်းတက်ပြီးသည်နှင့် တိမ်ယံရှင်းက တိမ်ယံမင်းသျှင် ဟူသည့်ဘွဲ့ကိုခံယူခဲ့သည်။
‌သူရဇ္ဇကတော့ ကောင်လေးကို စိတ်ကောက်နေသေးပေမယ့် ပီတိအပြုံးတို့က သူ့မျက်နှာတွင် အထင်းသား။

တိမ်ယံရှင်းက မဒီ၊နဒီနှင့် ခွာညိုတို့အား အခစားဝင်စေသည်။
သုံးယောက်သား တိမ်ယံရှင်းရှေ့တွင် ခေါင်းပင်မမော့ရဲ။

"မဒီနဲ့နဒီ"

"အမိန့်ရှိတော်မူပါ အရှင်"

ဘုရင်တစ်ပါးဖြစ်သော်ငြား တိမ်ယံရှင်း၏ စကားပြောဟန်တို့မှာ နန်းမူနန်းရာမပါဘဲ ပုံမှန်ပြောသလိုပေါ့ပေါ့ပါးပါး။ ဒီလိုပြောရတာ သူအကျင့်ဖြစ်နေပြီလေ။

"ငါမင်းတို့ကို သေချာမေးပြီးမှ တော်ကောက်ခဲ့တာ မှတ်မိကြတယ်မဟုတ်လား"

မဒီနှင့်နဒီက ဘာကိုမှမမှတ်မိသဖြင့် ဘာဖြေရမလဲမသိ။

"မမှတ်မိဘူးဆိုရင် အခုပြန်ပြောပြမယ်၊ စည်းစိမ်ကိုလိုသလား မေတ္တာကိုလိုသလား ငါမေးခဲ့တယ်၊ ငါ့ဆီမှာနေရင် စည်းစိမ်ဥစ္စာတွေရမယ် မေတ္တာကိုတော့ ရမှာမဟုတ်ဘူး၊ ငါကစည်းစိမ်ပဲပေးနိုင်တာ မေတ္တာတော့မပေးနိုင်ဘူးလို့ ပြောခဲ့တယ်"

"....."

"မင်းတို့က စည်းစိမ်ကိုလိုတယ်လို့ဖြေခဲ့တယ်၊ အဲ့ဒါကြောင့် ငါမင်းတို့ကို တော်ကောက်ခဲ့တာ၊ မင်းတို့က ငါ့ဆီကမေတ္တာကိုလိုချင်ပြီး ရှင်ယမင်းဖြူနဲ့ပူးပေါင်းခဲ့တယ်"

"ကျွန်တော်မျိုးမတို့ မှားသွားပါတယ်အရှင်"

တိမ်ယံရှင်းက ခွာညိုကို‌‌‌ကြည့်ကာ။

"လူတစ်ယောက်ရဲ့အချစ်ကိုမရတာနဲ့ပဲ အဲ့လူကို သေကြောင်းကြံရရောလား"

"ခွင့်လွှတ်ပေးပါ အရှင်"

"မင်းတို့ သုံးယောက်လုံးအပြစ်ရှိတယ်၊ အကျွတ်အလွတ်ပွဲနေ့ကျရင် ရှင်ယမင်းဖြူနောက် လိုက်သွားဖို့ပြင်ထားကြ"

"အရှင်..."

"တော်...ဘာမှထပ်မပြောနဲ့ သွားကြတော့"

ထိုသုံးယောက်ပြန်သွားတော့ တိမ်ယံရှင်းက အရင်ကအတိုင်း ကိုယ်ရံတော်သူရဇ္ဇကို ခေါ်ကာ လမ်းလျှောက်ထွက်ခဲ့၏။ ဒီတစ်ခါတွင်တော့ နှစ်ယောက်လုံး၏စိတ်တို့မှာ ပေါ့ပါးလျက်။

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now