Part-13

5.4K 445 45
                                    

[Unicode]
"မင်းနှယ် ပြောနိုင်ဆိုနိုင်လိုက်တာ...ဟိုမိန်းမတွေဆို ဘာမှတောင်ပြန်မပြောနိုင်ဘူး"

"ငါအဲ့လောက်မှ မပြောတတ်မဆိုတတ်ရင် ငါ့ကုမ္ပဏီတွေ ဒေဝါလီခံလိုက်ရတာ ကြာရောပေါ့"

"အဲ့ဒါကြောင့်ပဲ အန်ဒရီဆိုတာနဲ့ တော်ရုံလူသွားမထိ ရဲကြတာကိုး ဟားဟား..."

လင်းသန့်က ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ ထုံးစံအတိုင်း စောစောစီးစီးအိပ်ရာဝင်သွားလေသည်။

"ကိုယ်ရံတော်တပ်မှူးက နောင်တော့်အပေါ်  သံယောဇဥ်သိပ်ကြီးခဲ့ပုံပေါ်တယ်၊ နောင်တော့်ရဲ့ သရုပ်မှန်ကို မသိမမြင်ရသေးတာတောင်မှ သူ့ရဲ့ နှလုံးသားကနေ ခံစားမိနေတယ်"

လက်ချောင်းပေါ်နားနေသည့် သူရိယလိပ်ပြာလေးရဲ့ စကားကို အာရုံစိုက်နားထောင်နေမိသည်။ ဟိုအကောင်ရဲ့ဟောက်သံသာ ဒီလောက်မကျယ်ရင် သူရိယပြောတာကို ဒီလောက်အာရုံစိုက်စရာလို လိမ့်မယ်မထင်ဘူး။ အခုပဲခေါင်းချတယ် အခုပဲ ဟောက်နေပြီ ဘယ်လိုကောင်လဲမသိ။

"ငါသူ့အပေါ်အရမ်းရက်စက်ရာကျသွားလား"

"နောင်တော်က လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပါ၊ နောင်တော်သာ ပြစ်ဒဏ်ကိုလျှော့ပေါ့ ပြီး နယ်နှင်ဒဏ်လောက်သာချခဲ့မယ်ဆိုရင် ကိုယ်ရံတော်တပ်မှူးက ရောက်လေရာအရပ်မှာ လူအများပြောဆိုကဲ့ရဲ့ခြင်းခံရပါလိမ့်မယ်၊ နောင်တော်ကသာ ရင်ကွဲခံပြီး ကိုယ်ရံတော်တပ်မှူးရဲ့ အရှက်နဲ့အသက်ကိုလဲပေးခဲ့တာပါ"

"ငါသာဦးရီးတော်စကားကိုနားထောင်ခဲ့ရင် သျှင်နောင့်ကိုစော်ကားနေတဲ့ဒီမိန်းမတွေလည်း နန်းတွင်းထဲရောက်လာစရာအကြောင်းမရှိဘူး"

"ကိုယ့်ကိုယ်ကိုအပြစ်တင်တော်မမူပါနဲ့ နောင်တော်၊ လူတိုင်းကမှားတတ်ကြတာချည်းပါပဲ"

"ဦးရီးတော်ကို ပြောလိုက်ပါ...လပြည့်နေ့မတိုင်ခင် စီစဥ်စရာရှိတာတွေကို ပြီးပြတ်အောင်စီစဥ်ပြီး နှိုးစရာရှိတာတွေကိုနှိုးထားပါလို့"

"အမိန့်တော်မြတ်အတိုင်းပါ‌ နောင်တော်"

နန်းဆောင်ရဲ့ ပြတင်းပေါက်ကိုဖွင့်လိုက်တော့ သူရိယလိပ်ပြာလေးက လရောင်အောက်တွင်  ပျံသန်းသွားလေ၏။

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now