Part-14

5.4K 441 26
                                    

[Unicode]
ညနေစောင်းခါနီးအချိန်တွင် ကိုယ်ရံတော်နန်းဆောင်ရှိ သူရဇ္ဇဆီသို့ နန္ဒနှင့်မင်းဒင် အပြေးရောက်လာကြသည်။

"ကိုယ်ရံတော်မင်းဒင်နှင့်ကိုယ်ရံတော်နန္ဒ အခစားဝင်ကြောင်းပါတပ်မှူး"

"အခြေအနေကိုလျှောက်တင်ကြ"

"မှန်လှပါတပ်မှူး ပန်းမခတောင်ပေါ်က အမှောင်မှော်ပညာနဲ့စီရင်ထားတဲ့ကျောက်စာ ဖျက်ဆီးခံလိုက်ရကြောင်းပါ"

"ဘယ်လို??"

မင်းဒင်က အိတ်ထဲထည့်ယူလာသည့် ဒိုင်းနမိုက် အပိုင်းအစများနှင့် ဓားမြှောင်ကို သူရဇ္ဇထံဆက်သလိုက်သည်။

"ဒီလိုလက်နက်ခဲယမ်းမျိုးကလည်း မြောက်ဘက်တံတိုင်းမှာ နေတဲ့ဒေ့ဗ် ဆီမှာသာရနိုင်ကြောင်းပါ တပ်မှူး၊ ပြီးတော့ ဓားမြှောင်က..."

သူရဇ္ဇကမျက်မှောင်ကြုံ့လိုက်ကာ...

"ကျောက်စာက လုံးဝပျက်စီးသွားတာလား"

"မှန်လှပါတပ်မှူး၊ ကျောက်စာက လုံးဝပျက်စီးသွား ပြီး ကျောက်စာပေါ်မှာရှိတဲ့ အစီအရင်ကလည်း ပျက်စီးသွားကြောင်းပါ"

သူရဇ္ဇက လက်ထဲက ဓားမြှောင်ကို တင်းတင်းဆုပ်ကိုင်လိုက်ကာ ရတနာနန်းဆောင်ဆီ သို့ နောက်တစ်ခေါက်ထပ်ရောက်ခဲ့ရပြန်သည်။ ဒီတစ်ကြိမ်တွင်တော့ ဒေါသကြောင့်ထင်သည် မျက်လုံးများကရဲရဲနီလို့။

ဒုန်း!!ဒုန်း!!

"အာ သျှင်နောင်..."

"ဒါကဘာလဲ"

"ဟမ်"

"ဒါကဘာလဲလို့ ကျွန်ုပ်မေးနေတာ ဖြေလေ"

သူရဇ္ဇရဲ့ လေသံကိုနားထောင်ခြင်းဖြင့် အကြီးအကျယ်ဒေါသထွက်နေမှန်း သိနိုင်သည်။
သူ့ကိုအော်ပြောလိုက်တာမို့ တိမ်ယံရှင်းစိတ်မကြည်ချင်တော့။ ‌လေသံမာမာနဲ့ ပြောလာတဲ့လူကို စကားချိုချိုလေးတွေနဲ့ ပြန်ဖြေရှင်းရအောင် မာဖီးယားတစ်ယောက်က အဲ့လောက်ထိသဘောမကောင်းနိုင်။

ပြီးတော့ဘာတဲ့လဲ ကျွန်ုပ်??ဟုတ်လား...

"အဟက် ခင်ဗျားမြင်တဲ့အတိုင်းပဲလေ"

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now