part-1

17.3K 461 3
                                    

တိတ်ဆိတ်တဲ့ညတစ်ည၊ယိုယွင်းနေသည့်တဲအိုလေးထဲမှကောင်းကင်ပေါ်ကလမင်းကြီးကိုငေးကြည့်နေသည်။ဒီဇင်ဘာည၏အအေးဓာတ်ကိုသူ၏အင်္ကျီအပါးလေးကမကာကွယ်ပေးနိုင်ပါ။ထို့ပြင်အိပ်ယာနှင့်ဆောင်တို့ဟာလည်းတစ်ကိုယ်စာသာရှိတာမို့သူ့အားအနွေးဓာတ်ကောင်းကောင်းမရစေပါ။

မေမေသာရှိသေးရင်အရမ်းကောင်းမှာပဲ သားမိနှစ်ယောက်ခုချိန်ဖက်အိပ်နေရင်နွေးနေမှာပဲ။မေမေက မနေ့ကလေးတင်ဈေးရောင်းအပြန်ကားတိုက်ခံရလို့ဆုံးသွားခဲ့ပြီ။တစ်ကောင်ကြွက်တစ်မျက်နှာကျန်ခဲ့သည့်သူ့ကိုမနက်ဖြန်လူချမ်းသာတစ်ယောက်ကမွေးစားဖို့လာခေါ်မယ်တဲ့လေ။ဘေးလူတွေဝိုင်းပြောကြတာကလရိပ်လေးကံကောင်းလိုက်တာတဲ့လေ။ဒါပေမယ့်လရိပ်ဖြစ်နိုင်ရင်မေမေကိုပဲပြန်လိုချင်သည်။

“လရိပ်...လရိပ်”

အိမ်ရှေ့ကအော်ခေါ်သံကြောင့်လရိပ်နိုးလာပြီးမျက်လုံးလေးတွေအားယူဖွင့်လိုက်သည်။

“လေးလေးမိုးလေး”

လေးလေးမိုးလေးဆိုသူမှာလရိပ်၏အိမ်နီးချင်းဖြစ်ပြီးသူတို့လိုပဲဈေးသည်တစ်ယောက်ဖြစ်သည်။ငယ်မွေးခြံပေါက်ဖြစ်‌တာကြောင့်အတော်လေးလဲသံယောဇာဉ်တွယ်ရှာ၏။

“သားလေးဒီဦးလေးကြီးတွေနဲ့လိုက်သွားနော်။လေးလေးမကြာခဏလာကြည့်မယ်”

လေးလေးမိုးလေးညွှန်ပြသည့်နေရာကိုကြည့်လိုက်တော့ ကားအနက်ရောင်ဘေးမှာရပ်နေသည့်အသက်၅၀ခန့်လူကြီးတစ်ယောက်။ထိုလူကြီး၏မျက်နှာမှာဖေါ်ရွေဟန်ရှိပြီးအပြုံးချိုချိုတို့ကိုဆင်မြန်းထားတာကြောင့် လရိပ်ရင်ထဲနွေးထွေးသွားရသည်။

“လေးလေးမိုးလေး ကျန်းမာရေးဂရုစိုက်နော်။ကျွန်တော်သာအလုပ်လုပ်နိုင်တဲ့အရွယ်ဆိုမလိုက်သွားပါဘူး။အခုနေမလိုက်သွားရင်လေးလေးတို့ဝန်ထုတ်ဝန်ပိုးဖြစ်နေမှာစိုးလို့ပါ”

“ဒါပေါ့ငါ‌တို့မင်းကိုတာဝန်မယူနိုင်ဘူးလေကွားဟားဟား”

လေးလေးမိုးလေးကကျချင်သည့်မျက်ရည်များကိုဟန်ဆောင်အပြုံးဖြင့်ဖုံးလို့က်ကာသူ့အားကားပေါ်သို့တင်ပေးလိုက်လေသည်။

My Bad Brother(Completed)Where stories live. Discover now